
0
169




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ တက်လို့ စာသင်ကျောင်းတွေ ပိတ်ထားရ

ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် ပခုက္ကူမြို့နယ်၊ တောင်သာမြို့နယ်နဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ရေစကြိုမြို့နယ်တို့ရှိ ကျေးရွာ တချို့က စာသင်ကျောင်းတွေ ယာယီ ပိတ်ထားရပါတယ်။

သြဂုတ်လ ၈ ရက်နေ့က ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် ပခုက္ကူမြို့နယ်၊ ကျည်းပင်ခုံ ကျေးရွာ အပါအဝင် ရွာ ၄ ရွာမှာ ရေ ၂ ပေကနေ ၄ ပေအထိ ဝင်ရောက်ခဲ့လို့ စာသင်ကျောင်း ၄ ကျောင်း ယာယီ ပိတ်ထားရပါတယ်။ အလားတူ ဧရာဝတီ မြစ်ရေ ဝင်ရောက်မှုကြောင့် တောင်သာမြို့နယ်၊ ငါးပင်စင်ကျေးရွာ အပါအဝင် ရွာ ၂ ရွာက စာသင်ကျောင်းတွေ ယာယီ ပိတ်ထားရပါတယ်။

ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့်လည်း ရေစကြိုမြို့နယ်၊ အောင်သာ ကျေးရွာ အပါအဝင် ရွာ ၁၃ ရွာအတွင်း ရေ ၂ ပေခန့် ဝင်ရောက်ခဲ့လို့ စာသင်ကျောင်း ၁၃ ကျောင်း ယာယီ ပိတ်ထားရပါတယ်။

?bph6