
1
257




>>>>>>>>>>>>>>>>>>>>>>>>

ချမ်းမြေ့မောင်ချို ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရ

အခုနှစ် Myanmar Idol Season 3 မှာ အားပေးတဲ့ ပရိသတ် များပြားခဲ့ပြီး Finalist ကို ရောက်ရှိခဲ့သူ ချမ်းမြေ့မောင်ချိုဟာ Grand Final နီးကပ်လာချိန်ကျမှ ကျန်းမာရေး မကောင်းတာကြောင့် ဆေးရုံတက်ရောက် ကုသနေရပါတယ်။

ချမ်းမြေ့မောင်ချိုဟာ အာသီးရောင်တာ၊ တုပ်ကွေးရောဂါ ဖြစ်တာ အပြင် လေးဖက်နာ (ASO) တက်တာတွေကြောင့် မနေ့က သြဂုတ်လ ၉ ရက်နေ့မှာ ဆေးကုသမှု ခံယူနေရတယ်လို့ ရန်ကုန်မြို့ရှိ သုခကမ္ဘာ ဆေးရုံရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ချမ်းမြေ့မောင်ချိုဟာ သြဂုတ်လ ၁၁ ရက်မှာ ကျင်းပတော့မယ့် Grand Final ပွဲမှာ ဖြိုးမြတ်အောင်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် သီချင်းမတိုက်နိုင်ဘဲ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။ Myanmar Idol Season 3 မှာ အသက်အငယ်ဆုံး ဖြစ်သူ ချမ်းမြေ့မောင်ချိုရဲ့ မိခင်ဟာ အဆိုတော် အိအိ ဖြစ်ပါတယ်။

?bph6