ဘဂၤလားေဒ့ရွ္ ကိုယ္စားလွယ္ အဖြဲ႕ ေနျပည္ေတာ္ကို ေရာက္ရွိ

0
199

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကို သြားေရာက္ေလ့လာမယ့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး ဦးေဆာင္တဲ့ ကိုယ္စားလွယ္ အဖြဲ႔ဟာ မေန႔က ၾသဂုတ္လ ၉ ရက္ေန႔မွာ ေနျပည္ေတာ္ကို ေရာက္ရွိလာပါတယ္။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး အဘူလ္ ဟတ္ဆန္ မာမြတ္ အလီနဲ႔အတူ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ပူးတြဲ အေကာင္အထည္ေဖာ္ေရး အဖြဲ႔ (JWG) လည္း လိုက္ပါလာပါတယ္။

ရခိုင္ျပည္နယ္မွာ ဘဂၤါလီ မြတ္စလင္ေတြ ေနရပ္ျပန္ရင္ လက္ခံဖို႔ ျပင္ဆင္ထားတဲ့ ေနာက္ဆံုး အေျခအေနေတြကို ျမင္ခ်င္ပါတယ္၊ ႏိုင္ငံျခားေရး ဝန္ႀကီး ဦးေဆာင္ၿပီး ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကို သြားပါမယ္လို႔ JWG အဖြဲ႔ ေခါင္းေဆာင္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး အတြင္းဝန္ မက္ဒ္ ရွဟီဒူ ဟာကက္က ခရီးစဥ္ မစတင္မီ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့ နေပြည်တော်ကို ရောက်ရှိ

ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားရောက်လေ့လာမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မနေ့က သြဂုတ်လ ၉ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိလာပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟတ်ဆန် မာမွတ် အလီနဲ့အတူ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ပူးတွဲ အကောင်အထည်ဖော်ရေး အဖွဲ့ (JWG) လည်း လိုက်ပါလာပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မွတ်စလင်တွေ နေရပ်ပြန်ရင် လက်ခံဖို့ ပြင်ဆင်ထားတဲ့ နောက်ဆုံး အခြေအနေတွေကို မြင်ချင်ပါတယ်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကို သွားပါမယ်လို့ JWG အဖွဲ့ ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မက်ဒ် ရှဟီဒူ ဟာကက်က ခရီးစဉ် မစတင်မီ ပြောခဲ့ပါတယ်။

?bph6