ဘယ္အစိုးရမွ ေျခာက္ျပစ္ကင္းသဲလဲစင္ မဟုတ္ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
199

ဘယ္အစိုးရမွ ေျခာက္ျပစ္ကင္းသဲလဲစင္ မဟုတ္ေၾကာင္းနဲ႔ အမွားရွိရင္လည္း အေရးႀကီးတာက ျပင္ႏုိင္ဖို႔ ျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

မေန႔က ၾသဂုတ္လ ၉ ရက္ေန႔ မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္၊ ေခ်ာက္ကန္ေက်းရြာမွာ က်င္းပတဲ့ စကားဝိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္က “ဘယ္အစိုးရမွ ေျခာက္ျပစ္ကင္းသဲလဲစင္ မဟုတ္ပါဘူး။ မမွားတဲ့ အစိုးရဆိုတာလည္း တစ္ခါမွ မရွိပါဘူး။ မမွားတဲ့ေရွ႕ေန ဆိုေပမယ့္ ေရွ႕ေနေတြ ထက္ပိုၿပီးေတာ့ မွားႏုိင္တာ အစိုးရေတြပါပဲ။ အမွားရွိရင္လည္း အေရးႀကီးတာက ျပင္ႏုိင္ဖို႔ပါပဲ” လို႔ ေျပာသြားတာ ျဖစ္ပါတယ္။

ျပႆနာေတြရွိရင္ ျပႆနာက အေရးႀကီးတာ မဟုတ္ေၾကာင္းနဲ႔ ဘယ္လို ေျဖရွင္းမလဲဆိုတဲ့ အေျဖကို ရေအာင္လုပ္ဖို႔က အေရးႀကီးတာ ျဖစ္တယ္လို႔လည္း ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘယ်အစိုးရမှ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ဘယ်အစိုးရမှာ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ကြောင်းနဲ့ အမှားရှိရင်လည်း အရေးကြီးတာက ပြင်နိုင်ဖို့ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က သြဂုတ်လ ၉ ရက်နေ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာမှာ ကျင်းပတဲ့ စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ဘယ်အစိုးရမှ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ပါဘူး။ မမှားတဲ့ အစိုးရဆိုတာလည်း တစ်ခါမှ မရှိပါဘူး။ မမှားတဲ့ရှေ့နေ ဆိုပေမယ့် ရှေ့နေတွေ ထက်ပိုပြီးတော့ မှားနိုင်တာ အစိုးရတွေပါပဲ။ အမှားရှိရင်လည်း အရေးကြီးတာက ပြင်နိုင်ဖို့ပါပဲ” လို့ ပြောသွားတာ ဖြစ်ပါတယ်။

ပြဿနာတွေရှိရင် ပြဿနာက အရေးကြီးတာ မဟုတ်ကြောင်းနဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အဖြေကို ရအောင်လုပ်ဖို့က အရေးကြီးတာ ဖြစ်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

?bph6