ဘဂၤါလီ ကယ္ဆယ္ေရး စခန္းထဲမွာ ေဆးေျခာက္ေတြ ဖမ္းမိ

0
127

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္၊ အုန္းေတာႀကီး (ေျမာက္) ဘဂၤါလီ ကယ္ဆယ္ေရး စခန္းထဲကေန ေဆးေျခာက္ ၁၂၀၀ဝ ဂရမ္ ဖမ္းဆီးရမိခဲ့ပါတယ္။

မူးယစ္ေဆးဝါး ေရာင္းဝယ္ေနေၾကာင္း သတင္းအရ မေန႔က ၾသဂုတ္လ ၉ ရက္ေန႔မွာ ပူးေပါင္းတပ္ဖြဲ႔ေတြက ကယ္ဆယ္ေရး စခန္းထဲကို ဝင္ေရာက္ ရွာေဖြရာမွာ အေဆာင္ ၁၉ ေန မာေမာက္ေတာ္ယူ (ခ) ဘေမာင္ (၃၅ ႏွစ္) ရဲ႕ အခန္းမွာ ပီနံအိတ္နဲ႔ ထည့္ထားတဲ့ ေဆးေျခာက္ေတြ ေရာင္းခ်ေနတာကို ေတြ႔ရွိခဲ့ပါတယ္။

ေဆးေျခာက္ေတြကို ဒါးပိုင္ေက်းရြာေန ဟာဗီအူလာ (၅၀ ႏွစ္) ဆီက ဝယ္ယူတာလို႔ စစ္ေဆးေပၚေပါက္တဲ့အတြက္ သြားေရာက္ ရွာေဖြရာမွာ သူ႔ရဲ႕ ဇနီးျဖစ္သူ ေမာ္ရီလာခါဘူကိုသာ ေတြ႔ရွိရၿပီး မူးယစ္ေဆးလည္း ရွာေဖြေတြ႔ရွိျခင္း မရွိပါဘူး။ မာေမာက္ေတာ္ယူကို စစ္ေတြၿမိဳ႕မရဲစခန္းက မူးယစ္ေဆးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ပုဒ္မနဲ႔ အမႈဖြင့္ အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းထဲမှာ ဆေးခြောက်တွေ ဖမ်းမိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အုန်းတောကြီး (မြောက်) ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းထဲကနေ ဆေးခြောက် ၁၂၀ဝဝ ဂရမ် ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းအရ မနေ့က သြဂုတ်လ ၉ ရက်နေ့မှာ ပူးပေါင်းတပ်ဖွဲ့တွေက ကယ်ဆယ်ရေး စခန်းထဲကို ဝင်ရောက် ရှာဖွေရာမှာ အဆောင် ၁၉ နေ မာမောက်တော်ယူ (ခ) ဘမောင် (၃၅ နှစ်) ရဲ့ အခန်းမှာ ပီနံအိတ်နဲ့ ထည့်ထားတဲ့ ဆေးခြောက်တွေ ရောင်းချနေတာကို တွေ့ရှိခဲ့ပါတယ်။

ဆေးခြောက်တွေကို ဒါးပိုင်ကျေးရွာနေ ဟာဗီအူလာ (၅၀ နှစ်) ဆီက ဝယ်ယူတာလို့ စစ်ဆေးပေါ်ပေါက်တဲ့အတွက် သွားရောက် ရှာဖွေရာမှာ သူ့ရဲ့ ဇနီးဖြစ်သူ မော်ရီလာခါဘူကိုသာ တွေ့ရှိရပြီး မူးယစ်ဆေးလည်း ရှာဖွေတွေ့ရှိခြင်း မရှိပါဘူး။ မာမောက်တော်ယူကို စစ်တွေမြို့မရဲစခန်းက မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

?bph6