ရခိုင္ျပည္နယ္ အေရး ICC တင္မယ့္ကိစၥဟာ အက်ိဳးမရွိ၊ ပယ္ဖ်က္သင့္တယ္လို႔ ျမန္မာ ေျပာ

0
99

ရခိုင္ျပည္နယ္က ထြက္ေျပးသြားတဲ့ ဘဂၤါလီ မြတ္စလင္ေတြကိစၥ ႏိုင္ငံတကာ တရား႐ံုး (ICC) တင္ဖို႔ လုပ္ေဆာင္ေနတာဟာ အက်ိဳးမရွိ၊ ပယ္ဖ်က္လိုက္သင့္တယ္လို႔ ျမန္မာအစိုးရက တုံ႔ျပန္လိုက္ပါတယ္။

ၾသဂုတ္လ ၉ ရက္ေန႔က ျမန္မာအစိုးရရဲ႕ ထုတ္ျပန္ခ်က္မွာ ICC နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ မရွိေၾကာင္း၊ ARSA ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကိုက်ေတာ့ လ်စ္လ်ဴ႐ႈထားတာမ်ိဳးေတြ ရွိေနၿပီး ပြင့္လင္းျမင္သာမႈ မရွိေၾကာင္း စတဲ့ ICC နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ျငင္းပယ္ရတဲ့ အေၾကာင္းအခ်က္ေတြကို အေသးစိတ္ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ျမန္မာအစိုးရနဲ႔ ကုလသမဂၢ ဖြံ႔ၿဖိဳးမႈအစီအစဥ္ (UNDP) နဲ႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ံုး (UNHCR) တို႔ ေနရပ္ျပန္သူေတြ လက္ခံေရး ပူးေပါင္းေဆာင္ရြက္ေနတာ၊ ျပည္ပက ပုဂၢိဳလ္ ႏွစ္ဦးနဲ႔ ျပည္တြင္းက ပုဂၢိဳလ္ ႏွစ္ဦးပါတဲ့ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္ ဖြဲ႔စည္းတာေတြ လုပ္ေဆာင္ေနေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလမွာ ေရွ႕ေနခ်ဳပ္ မစၥ ဖာတို ဘင္ဆိုဒါက ICC အဖြဲ႔ဝင္ မဟုတ္တဲ့ ျမန္မာႏိုင္ငံကို ရခိုင္ျပည္နယ္ အေရးနဲ႔ ပတ္သက္ၿပီး ခံု႐ံုးတင္ဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် အရေး ICC တင်မယ့်ကိစ္စဟာ အကျိုးမရှိ၊ ပယ်ဖျက်သင့်တယ်လို့ မြန်မာ ပြော

ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဘင်္ဂါလီ မွတ်စလင်တွေကိစ္စ နိုင်ငံတကာ တရားရုံး (ICC) တင်ဖို့ လုပ်ဆောင်နေတာဟာ အကျိုးမရှိ၊ ပယ်ဖျက်လိုက်သင့်တယ်လို့ မြန်မာအစိုးရက တုံ့ပြန်လိုက်ပါတယ်။

သြဂုတ်လ ၉ ရက်နေ့က မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ICC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မရှိကြောင်း၊ ARSA ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုကျတော့ လျစ်လျူရှုထားတာမျိုးတွေ ရှိနေပြီး ပွင့်လင်းမြင်သာမှု မရှိကြောင်း စတဲ့ ICC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းပယ်ရတဲ့ အကြောင်းအချက်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ နေရပ်ပြန်သူတွေ လက်ခံရေး ပူးပေါင်းဆောင်ရွက်နေတာ၊ ပြည်ပက ပုဂ္ဂိုလ် နှစ်ဦးနဲ့ ပြည်တွင်းက ပုဂ္ဂိုလ် နှစ်ဦးပါတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းတာတွေ လုပ်ဆောင်နေကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ရှေ့နေချုပ် မစ္စ ဖာတို ဘင်ဆိုဒါက ICC အဖွဲ့ဝင် မဟုတ်တဲ့ မြန်မာနိုင်ငံကို ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ခုံရုံးတင်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

?bph6