
0
169




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ကြီးတံခွန်မှာ မီးလောင်၊ နေအိမ် ၇ လုံး ဆုံးရှုံး

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်မှာ ဘော်ဒါဆောင်တစ်ခု မီးလောင်ရာက နေအိမ် ၇ လုံး ဆုံးရှုံးခဲ့ပါတယ်။

သြဂုတ်လ ၈ ရက်နေ့က ဒေါ်ဖြူဖြူသင်း (၅၃ နှစ်) ရဲ့ ပြည်စိုးဟိန်း ဘော်ဒါဆောင်မှာ စာအုပ်ပုံအနီး ခြင်ဆေးခွေ ထွန်းထားရာက မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ နေအိမ် ၇ လုံး ဆုံးရှုံးခဲ့ပါပြီး တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းကို စက်မှုနယ်မြေ ရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။

?bph6