လူငယ်တွေအနေနဲ့အနာဂတ်ပညာရေးလမ်းကြောင်းရွေးချယ်ရာမှာ ကိုယ်နဲ့ကိုက်ညီဖို့လို(ရုပ်/သံ)

0
171








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေအနေနဲ့ အနာဂတ်ပညာရေးလမ်းကြောင်းရွေးချယ်ရာမှာ စိတ်ပါဝင်စားတဲ့ဘာသာရပ်တွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့အရေးကြီးတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့် နိုင်က ပေးပို့ထားပါတယ်။

လူငယ်တွေအနေနဲ့ အနာဂတ်ပညာရေးလမ်းကြောင်းကို ရွေးချယ်ရာမှာ ကိုယ်နဲ့ကိုက်ညီတဲ့ ဘာသာရပ်တွေ၊ စိတ်ပါဝင်စားတဲ့ ဘာသာရပ်တွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ ဒီပညာရေးမိတ်ဆက်ပွဲကို ပြုလုပ်ခဲ့တာပါ။

သြဂုတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှာ ၂၀၁၇ – ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင် ကျောင်းသားကျောင်းသူတွေအတွက် ပညာရေးမိတ်ဆက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Soundbite – မေသူသူကျော် (နောက်ဆုံးနှစ်ကျောင်းသူ)

ဘွဲ့ရပညာတတ် လူငယ်တွေအတွက် အလုပ်အကိုင်အခွမ်းအလမ်းတွေ ရှာပါးမှုဟာ အများလုပ်ကိုင်နေတဲ့ အလုပ်တွေကိုသာ လိုက်လုပ်ကြပြီး အခြားအလုပ်အကိုင် အခွင့်အလှမ်းတွေကို စိတ်ဝင်စားမှုအားနည်းနေတာကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှာပါးတာဖြစ်တယ်လို့ တက်ရောက်လာတဲ့ ကျောင်းသားတွေက ပြောပါတယ်။

Soundbite – ဝေယံဖြိုး (အခမ်းအနားသို့တက်ရောက်သူ)

အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှာ စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုဘာသာရပ်၊ သတင်းအတတ်ပညာ ဘာသာရပ် အပါအဝင် ဘာသာရပ် ၄ ခုကို သင်ကြားပေးတဲ့အပြင် အလုပ်အကိုင်အခွင့်အလှမ်းရရှိရေးကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ပေးနေပါတယ် ခင်ဗျာ။

?bph6