ေရႊႀတိဂံနယ္ေျမမွာ စိတ္ၾကြေဆး ဘတ္သန္း ၉၀၀ ေက်ာ္ဖိုး ဖမ္းမိ

0
150

ျမန္မာ၊ ထိုင္း၊ လာအို သံုးႏိုင္ငံဆံုရာ ေရႊႀတိဂံနယ္ေျမေဒသမွာ မဲေခါင္ျမစ္ကို ျဖတ္ၿပီး သယ္ေဆာင္လာတဲ့ ထိုင္းဘတ္ေငြ သန္း ၉၀၀ ေက်ာ္ဖိုးရွိ စိတ္ၾကြေဆး ၄ ဒသမ ၇ သန္းေက်ာ္ကို ထိုင္းရဲက ဖမ္းမိခဲ့ပါတယ္။

ထိုင္းႏိုင္ငံ၊ ႏုေကာ္ဖႏံုျပည္နယ္ထဲမွာ ကားတစ္စီးကို ရပ္တန္႔ခိုင္းရာမွာ ကားေပၚက လူေတြ ထြက္ေျပးသြားၿပီး ၿခံတစ္ခုထဲမွာ ပုန္းေနတဲ့ အမ်ိဳးသမီးတစ္ဦးကိုသာ ဖမ္းမိခဲ့တယ္လို႔ VOA သတင္းမွာ ေဖာ္ျပထားပါတယ္။ စိတ္ၾကြေဆးျပားေတြဟာ ၉ ၉ ၉ တံဆိပ္ ၿပိဳင္ကားပံုနဲ႔ ထုတ္လုပ္တာ ျဖစ္ၿပီး တံဆိပ္ အသစ္တစ္မ်ိဳးျဖစ္တယ္လုိ႔ ထိုင္တာဝန္ရွိသူေတြက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဖမ္းမိတဲ့ အသက္ ၃၃ ႏွစ္အရြယ္ အမ်ိဳးသမီးရဲ႕ ဘဏ္အေကာင့္ထဲမွာလည္း ဘတ္ေငြ သန္းခ်ီ စာရင္းရွိေနတာေၾကာင့္ ဆက္လက္ စစ္ေဆးေနပါတယ္။ လြတ္ေျမာက္သြားတဲ့ မူးယစ္ေဆး သယ္ေဆာင္သူေတြကို စံုစမ္းရွာေဖြေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေတြိဂံနယ်မြေမှာ စိတ်ကြွဆေး ဘတ်သန်း ၉၀ဝ ကျော်ဖိုး ဖမ်းမိ

မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံနယ်မြေဒေသမှာ မဲခေါင်မြစ်ကို ဖြတ်ပြီး သယ်ဆောင်လာတဲ့ ထိုင်းဘတ်ငွေ သန်း ၉၀ဝ ကျော်ဖိုးရှိ စိတ်ကြွဆေး ၄ ဒသမ ၇ သန်းကျော်ကို ထိုင်းရဲက ဖမ်းမိခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ နုကော်ဖနုံပြည်နယ်ထဲမှာ ကားတစ်စီးကို ရပ်တန့်ခိုင်းရာမှာ ကားပေါ်က လူတွေ ထွက်ပြေးသွားပြီး ခြံတစ်ခုထဲမှာ ပုန်းနေတဲ့ အမျိုးသမီးတစ်ဦးကိုသာ ဖမ်းမိခဲ့တယ်လို့ VOA သတင်းမှာ ဖော်ပြထားပါတယ်။ စိတ်ကြွဆေးပြားတွေဟာ ၉ ၉ ၉ တံဆိပ် ပြိုင်ကားပုံနဲ့ ထုတ်လုပ်တာ ဖြစ်ပြီး တံဆိပ် အသစ်တစ်မျိုးဖြစ်တယ်လို့ ထိုင်တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖမ်းမိတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးရဲ့ ဘဏ်အကောင့်ထဲမှာလည်း ဘတ်ငွေ သန်းချီ စာရင်းရှိနေတာကြောင့် ဆက်လက် စစ်ဆေးနေပါတယ်။ လွတ်မြောက်သွားတဲ့ မူးယစ်ဆေး သယ်ဆောင်သူတွေကို စုံစမ်းရှာဖွေနေပါတယ်။

?bph6