ျမန္မာႏိုင္ငံကလာသူ တစ္ဦး ေဆာ္ဒီအာေရဗ်မွာ ကြပ္မ်က္ခံရ

0
248

ျမန္မာႏိုင္ငံက လာတယ္ဆိုတဲ့ မြတ္စလင္တစ္ဦးဟာ လူသတ္မႈ၊ ခိုးမႈ၊ အဓမၼျပဳက်င့္ဖို႔ ႀကိဳးစားမႈေတြေၾကာင့္ ေခါင္းျဖတ္ ကြပ္မ်က္ခံလိုက္ရပါတယ္။

အလီယတ္ အဘူကလမ္ ဂ်မယ္လက္ဒင္ ဆိုသူကို ေဆာ္ဒီဘုရင္နဲ႔ တရား႐ံုးေတာ္တို႔ရဲ႕ သေဘာတူညီခ်က္အရ ၾသဂုတ္လ ၈ ရက္ေန႔မွာ ေခါင္းျဖတ္ ကြပ္မ်က္လိုက္တာ ျဖစ္တယ္လုိ႔ ေဆာ္ဒီ အေျခစိုက္ SPA သတင္းမွာ ေဖာ္ျပထားပါတယ္။

ဂ်မယ္လက္ဒင္ဟာ ျမန္မာအမ်ိဳးသမီးတစ္ဦးရဲ႕ ေနအိမ္မွာ ေသနတ္နဲ႔ပစ္ခတ္ၿပီး အိမ္ရွင္ကို ဓားနဲ႔ ထိုးသတ္ကာ ဓားျပတိုက္ခဲ့မႈ၊ ေနာက္ တစ္အိမ္မွာလည္း ဓားျပတိုက္၊ အဓမၼျပဳက်င့္ဖို႔ ႀကိဳးစားမႈေတြနဲ႔ စြဲခ်က္တင္ခံရတာ ျဖစ္ပါတယ္။ ေဆာ္ဒီအာေရဗ် ႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္ ပထမ ေလးလပတ္အတြင္း ေခါင္းျဖတ္ ကြပ္မ်က္ခံရသူ အေရအတြက္ မႏွစ္ကနဲ႔ ယွဥ္ရင္ ၇၀ ရာခိုင္ႏႈန္း တိုးလာတယ္လို႔ ဥေရာပ ေဆာ္ဒီ လူ႔အခြင့္အေရး အဖြဲ႔တစ္ခုက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံကလာသူ တစ်ဦး ဆော်ဒီအာရေဗျမှာ ကွပ်မျက်ခံရ

မြန်မာနိုင်ငံက လာတယ်ဆိုတဲ့ မွတ်စလင်တစ်ဦးဟာ လူသတ်မှု၊ ခိုးမှု၊ အဓမ္မပြုကျင့်ဖို့ ကြိုးစားမှုတွေကြောင့် ခေါင်းဖြတ် ကွပ်မျက်ခံလိုက်ရပါတယ်။

အလီယတ် အဘူကလမ် ဂျမယ်လက်ဒင် ဆိုသူကို ဆော်ဒီဘုရင်နဲ့ တရားရုံးတော်တို့ရဲ့ သဘောတူညီချက်အရ သြဂုတ်လ ၈ ရက်နေ့မှာ ခေါင်းဖြတ် ကွပ်မျက်လိုက်တာ ဖြစ်တယ်လို့ ဆော်ဒီ အခြေစိုက် SPA သတင်းမှာ ဖော်ပြထားပါတယ်။

ဂျမယ်လက်ဒင်ဟာ မြန်မာအမျိုးသမီးတစ်ဦးရဲ့ နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ပြီး အိမ်ရှင်ကို ဓားနဲ့ ထိုးသတ်ကာ ဓားပြတိုက်ခဲ့မှု၊ နောက် တစ်အိမ်မှာလည်း ဓားပြတိုက်၊ အဓမ္မပြုကျင့်ဖို့ ကြိုးစားမှုတွေနဲ့ စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံမှာ ၂၀၁၈ ခုနှစ် ပထမ လေးလပတ်အတွင်း ခေါင်းဖြတ် ကွပ်မျက်ခံရသူ အရေအတွက် မနှစ်ကနဲ့ ယှဉ်ရင် ၇၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဥရောပ ဆော်ဒီ လူ့အခွင့်အရေး အဖွဲ့တစ်ခုက ပြောပါတယ်။

?bph6