ကသာေထာင္ထဲ မူးယစ္ေဆးခိုးသြင္းတဲ့ အက်ဥ္းသား ဖမ္းမိ

0
165

စစ္ကိုင္းတိုင္း၊ ကသာၿမိဳ႕ရွိ အက်ဥ္းေထာင္အတြင္း မူးယစ္ေဆး ခိုးသြင္းတဲ့ အက်ဥ္းသားတစ္ဦး ဖမ္းမိခဲ့ပါတယ္။

ၾသဂုတ္လ ၇ ရက္ေန႔က အက်ဥ္းသားေတြကို ေထာင္တြင္း ျပန္ေခၚေဆာင္ၿပီး တစ္ဦးခ်င္း စစ္ေဆးစဥ္ ေထာင္ ၆ လ က်ေနတဲ့ အက်ဥ္းသား ျမင့္ႏိုင္ရဲ႕ စအိုထဲမွာ သိုဝွက္ သယ္ေဆာင္လာတဲ့ ဘိန္းျဖဴ တစ္ဂရမ္ပါ ေကာ္ဘူး တစ္ဘူးကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

စစ္ေဆးခ်က္အရ သာစည္ေက်းရြာေန မဝင္းခိုင္နဲ႔ မျမင့္ျမင့္ၾကည္တို႔က ေထာင္တြင္းရွိ စစ္ေဆးဆဲ တရားခံ ႏွစ္ဦးျဖစ္တဲ့ လိႈင္မင္းထြန္း (ခ) ေမာင္လိႈင္နဲ႔ ထြန္းေဇာ္တို႔အတြက္ ပို႔ခ ၇ ေသာင္းခြဲနဲ႔ ပို႔ခိုင္းတာျဖစ္တယ္လို႔ ထြက္ဆိုပါတယ္။ ဘိန္းျဖဴသယ္ေဆာင္သူ ျမင့္ႏိုင္၊ လက္ခံယူမယ့္ လိႈင္မင္းထြန္း (ခ) ေမာင္လိႈင္နဲ႔ ထြန္းေဇာ္တို႔ကို မူးယစ္ေဆးဝါး ဥပေဒအရ ထပ္မံ အေရးယူထားၿပီး ပို႔ခိုင္းတဲ့ မဝင္းခိုင္နဲ႔ မျမင့္ျမင့္ၾကည္တို႔ကို ဖမ္းဆီးဖို႔ လုပ္ေဆာင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကသာထောင်ထဲ မူးယစ်ဆေးခိုးသွင်းတဲ့ အကျဉ်းသား ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ အကျဉ်းထောင်အတွင်း မူးယစ်ဆေး ခိုးသွင်းတဲ့ အကျဉ်းသားတစ်ဦး ဖမ်းမိခဲ့ပါတယ်။

သြဂုတ်လ ၇ ရက်နေ့က အကျဉ်းသားတွေကို ထောင်တွင်း ပြန်ခေါ်ဆောင်ပြီး တစ်ဦးချင်း စစ်ဆေးစဉ် ထောင် ၆ လ ကျနေတဲ့ အကျဉ်းသား မြင့်နိုင်ရဲ့ စအိုထဲမှာ သိုဝှက် သယ်ဆောင်လာတဲ့ ဘိန်းဖြူ တစ်ဂရမ်ပါ ကော်ဘူး တစ်ဘူးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးချက်အရ သာစည်ကျေးရွာနေ မဝင်းခိုင်နဲ့ မမြင့်မြင့်ကြည်တို့က ထောင်တွင်းရှိ စစ်ဆေးဆဲ တရားခံ နှစ်ဦးဖြစ်တဲ့ လှိုင်မင်းထွန်း (ခ) မောင်လှိုင်နဲ့ ထွန်းဇော်တို့အတွက် ပို့ခ ၇ သောင်းခွဲနဲ့ ပို့ခိုင်းတာဖြစ်တယ်လို့ ထွက်ဆိုပါတယ်။ ဘိန်းဖြူသယ်ဆောင်သူ မြင့်နိုင်၊ လက်ခံယူမယ့် လှိုင်မင်းထွန်း (ခ) မောင်လှိုင်နဲ့ ထွန်းဇော်တို့ကို မူးယစ်ဆေးဝါး ဥပဒေအရ ထပ်မံ အရေးယူထားပြီး ပို့ခိုင်းတဲ့ မဝင်းခိုင်နဲ့ မမြင့်မြင့်ကြည်တို့ကို ဖမ်းဆီးဖို့ လုပ်ဆောင်နေပါတယ်။

?bph6