ရိေခါဒါရ္မွာ ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံ နယ္စပ္ ဝင္/ထြက္ေပါက္ စတင္ဖြင့္လွစ္

0
169

ခ်င္းျပည္နယ္၊ ရိေခါဒါရ္ၿမိဳ႕ရွိ ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံ နယ္စပ္ ဝင္/ထြက္ေပါက္ကို မေန႔က ၾသဂုတ္လ ၈ ရက္ေန႔မွာ စတင္ ဖြင့္လွစ္လိုက္ပါတယ္။

ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံ နယ္စပ္ ဝင္/ထြက္ေပါက္ ဖြင့္ပြဲကို ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးဆလိုင္းလ်န္လြယ္၊ အိႏၵိယ ေကာင္စစ္ဝန္ခ်ဳပ္ ေဒါက္တာ ကူဒမား ပရာဗင္းနဲ႔ တျခားဧည့္သည္ေတာ္ေတြ တက္ေရာက္ခဲ့ပါတယ္။ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံနယ္စပ္တံတားမွ အခုအခါ Border Pass (BP) စနစ္နဲ႔ ၁၃ ရက္၊ ၁၄ ညအိပ္ခရီးကို ခ်င္းျပည္နယ္၊ ဖလမ္းခ႐ိုင္အတြင္း လာေရာက္ လည္ပတ္ဝင္ထြက္ သြားလာႏိုင္မွာ ျဖစ္ပါတယ္။

နယ္စပ္ ဝင္/ထြက္ေပါက္ကေန ႏိုင္ငံကူးလက္မွတ္၊ ျမန္မာႏိုင္ငံ ဆိုင္ရာ အိႏၵိယႏိုင္ငံသံ႐ုံးက ထုတ္ေပးတဲ့ ျပည္ဝင္ဗီဇာနဲ႔ e-Visa ပါရွိတဲ့ ျမန္မာႏိုင္ငံသားေတြက အိႏၵိယႏိုင္ငံ၊ ႏိုင္ငံကူး လက္မွတ္၊ သက္ဆိုင္ရာႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံ သံ႐ုံးက ထုတ္ေပးတဲ့ ျပည္ဝင္ဗီဇာ၊ e-Visa ရွိတဲ့ အိႏၵိယႏိုင္ငံသားနဲ႔ အိႏၵိယႏိုင္ငံသား မဟုတ္တဲ့ တျခားႏိုင္ငံျခားသားေတြ ျမန္မာႏိုင္ငံတို႔ကို ဝင္ထြက္သြားလာ ႏိုင္မွာ ျဖစ္ပါတယ္။ သံတမန္ ႏိုင္ငံကူးလက္မွတ္နဲ႔ အထူးႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားတဲ့ အိႏၵိယႏိုင္ငံသားေတြကို ျပည္ဝင္ဗီဇာ ကင္းလြတ္ခြင့္ျပဳမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>

ရိခေါဒါရ်မှာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက် စတင်ဖွင့်လှစ်

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက်ကို မနေ့က သြဂုတ်လ ၈ ရက်နေ့မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် ဝင်/ထွက်ပေါက် ဖွင့်ပွဲကို ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ အိန္ဒိယ ကောင်စစ်ဝန်ချုပ် ဒေါက်တာ ကူဒမား ပရာဗင်းနဲ့ တခြားဧည့်သည်တော်တွေ တက်ရောက်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တံတားမှ အခုအခါ Border Pass (BP) စနစ်နဲ့ ၁၃ ရက်၊ ၁၄ ညအိပ်ခရီးကို ချင်းပြည်နယ်၊ ဖလမ်းခရိုင်အတွင်း လာရောက် လည်ပတ်ဝင်ထွက် သွားလာနိုင်မှာ ဖြစ်ပါတယ်။

နယ်စပ် ဝင်/ထွက်ပေါက်ကနေ နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးက ထုတ်ပေးတဲ့ ပြည်ဝင်ဗီဇာနဲ့ e-Visa ပါရှိတဲ့ မြန်မာနိုင်ငံသားတွေက အိန္ဒိယနိုင်ငံ၊ နိုင်ငံကူး လက်မှတ်၊ သက်ဆိုင်ရာနိုင်ငံရဲ့ မြန်မာနိုင်ငံ သံရုံးက ထုတ်ပေးတဲ့ ပြည်ဝင်ဗီဇာ၊ e-Visa ရှိတဲ့ အိန္ဒိယနိုင်ငံသားနဲ့ အိန္ဒိယနိုင်ငံသား မဟုတ်တဲ့ တခြားနိုင်ငံခြားသားတွေ မြန်မာနိုင်ငံတို့ကို ဝင်ထွက်သွားလာ နိုင်မှာ ဖြစ်ပါတယ်။ သံတမန် နိုင်ငံကူးလက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အိန္ဒိယနိုင်ငံသားတွေကို ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

?bph6