ခမ္းပါတ္ၿမိဳ႕မွာ စိတ္ၾကြေဆးျပား ၉ ေသာင္းေက်ာ္နဲ႔ ေသနတ္ ဖမ္းမိ

0
94

စစ္ကိုင္းတိုင္း၊ ခမ္းပါတ္ၿမိဳ႕၊ နန္စပါတံတားအနီးမွာ စိတ္ၾကြေဆးျပား ၉ ေသာင္းေက်ာ္၊ အိုက္စ္ မူးယစ္ေဆး ၅ ဒသမ ၅ ဂရမ္၊ ေျခာက္လံုးျပဴး ေသနတ္ ၁ လက္နဲ႔ က်ည္ ၄ ေတာင့္ ဖမ္းမိခဲ့ပါတယ္။

ၾသဂုတ္လ ၇ ရက္ေန႔မွာ တမူး မူးယစ္ေဆးဝါး ႏွိမ္နင္းေရး တပ္ဖြဲ႔က သတင္းအရ နန္စပါတံတားအနီးမွာ ေစာင့္ဆိုင္းဖမ္းဆီးခဲ့ရာမွာ ကေလးၿမိဳ႕ကေန တမူးၿမိဳ႕ဘက္ကို ေမာင္းလာတဲ့ ကားေပၚကေန အခုလို မူးယစ္ေဆးေတြနဲ႔ လက္နက္ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

မူးယစ္ေဆးနဲ႔ လက္နက္ခဲယမ္းေတြ သယ္လာတဲ့ ကေလးၿမိဳ႕၊ ပင္လံုရပ္ကြက္ေန ေနာင္႐ိုးနဲ႔ မႏၱေလး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေန စိုင္းေလာဝ္ထြန္းတို႔ ႏွစ္ဦးကို ခမ္းပါတ္ၿမိဳ႕ နယ္ေျမရဲစခန္းက အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

ခမ်းပါတ်မြို့မှာ စိတ်ကြွဆေးပြား ၉ သောင်းကျော်နဲ့ သေနတ် ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့၊ နန်စပါတံတားအနီးမှာ စိတ်ကြွဆေးပြား ၉ သောင်းကျော်၊ အိုက်စ် မူးယစ်ဆေး ၅ ဒသမ ၅ ဂရမ်၊ ခြောက်လုံးပြူး သေနတ် ၁ လက်နဲ့ ကျည် ၄ တောင့် ဖမ်းမိခဲ့ပါတယ်။

သြဂုတ်လ ၇ ရက်နေ့မှာ တမူး မူးယစ်ဆေးဝါး နှိမ်နင်းရေး တပ်ဖွဲ့က သတင်းအရ နန်စပါတံတားအနီးမှာ စောင့်ဆိုင်းဖမ်းဆီးခဲ့ရာမှာ ကလေးမြို့ကနေ တမူးမြို့ဘက်ကို မောင်းလာတဲ့ ကားပေါ်ကနေ အခုလို မူးယစ်ဆေးတွေနဲ့ လက်နက် ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးနဲ့ လက်နက်ခဲယမ်းတွေ သယ်လာတဲ့ ကလေးမြို့၊ ပင်လုံရပ်ကွက်နေ နောင်ရိုးနဲ့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်နေ စိုင်းလောဝ်ထွန်းတို့ နှစ်ဦးကို ခမ်းပါတ်မြို့ နယ်မြေရဲစခန်းက အရေးယူထားပါတယ်။

?bph6