
0
71




>>>>>>>>>>>>>>>>>>>>>>

ဧပြီလကနေ မေလအတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅၈၃၇ သန်းကျော် ရှိ

၂၀၁၈ ခုနှစ်၊ ဧပြီလကနေ မေလအတွင်း မြန်မာနိုင်ငံရဲ့ ပုံမှန် ပို့ကုန်တန်ဖိုးနဲ့ နယ်စပ်ပို့ကုန် တန်ဖိုးဟာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၄၅၄ ဒသမ ၅၈ သန်း ရှိပါတယ်။

ဧပြီလကနေ မေလအတွင်း ပုံမှန် သွင်းကုန်တန်ဖိုးနဲ့ နယ်စပ်သွင်းကုန် တန်ဖိုးကတော့ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၃၈၃ ဒသမ ဝ၆ သန်း ဖြစ်ပါတယ်။

အဲဒါကြောင့် ၂၀၁၈ ခုနှစ်၊ ဧပြီလကနေ မေလအတွင်း မြန်မာနိုင်ငံရဲ့ စုစုပေါင်း ကုန်သွယ်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၅၈၃၇ ဒသမ ၆၄ သန်း ဖြစ်ပြီး ကုန်သွယ်မှု လိုငွေက အမေရိကန် ဒေါ်လာ ၉၂၈ ဒသမ ၄၈ သန်း ရှိတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

?bph6