ထိုင္း-ျမန္မာ နယ္စပ္ကုန္သြယ္ေရး ၂၀၂၆ မွာ ေဒၚလာ ၂ ဘီလီယံ ရွိဖို႔ ေမွ်ာ္လင့္

0
172

ထိုင္းနဲ႔ ျမန္မာ နယ္စက္ ကုန္သြယ္ေရး ပမာဏဟာ ၂၀၂၆ ခုႏွစ္မွာ အေမရိကန္ ေဒၚလာ ၂ ဘီလီယံ ရွိမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ထိုင္း ဝန္ႀကီးခ်ဳပ္႐ံုး လက္ေထာက္ ေျပာခြင့္ရသူက ေျပာပါတယ္။

ထိုင္း-ျမန္မာ သံတမန္ ဆက္ဆံေရး ထူေထာင္မႈ ႏွစ္ ၇၀ ျပည့္ကို ေနျပည္ေတာ္မွာ က်င္းပဖို႔ ရွိၿပီး အဲဒီမတိုင္ခင္ ၉ ႀကိမ္ေျမာက္ ထိုင္း-ျမန္မာ ပူးတြဲ ေကာ္မရွင္ အစည္းအေဝးက တင္ျပတဲ့ မူဝါဒနဲ႔ ကနဦး အေကာင္အထည္ ေဖာ္မယ့္ အစီအစဥ္ေတြကို ထိုင္းကက္ဘိနက္က အတည္ျပဳခဲ့တာ ျဖစ္တယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပပါတယ္။

ႏွစ္ႏိုင္ငံ ပူးတြဲ အစည္းအေဝးေတြမွာ နယ္စပ္ကို ထိန္းခ်ဳပ္ၿပီး ႏိုင္ငံေရး တည္ၿငိမ္မႈ ရွိေရးကို အဓိက ထားခဲ့ၿပီး စီးပြားေရး ဖြံ႔ၿဖိဳးမႈအေနနဲ႔ ႏွစ္ဖက္ အစိုးရက ၂၀၂၆ ခုႏွစ္မွာ နယ္စပ္ကုန္သြယ္ေရးကို ေဒၚလာ ၂ ဘီလီယံအထိ ေရာက္ရွိဖို႔ ရည္မွန္းထားတာ ျဖစ္တယ္လို႔ ေျပာခြင့္ရသူ ဗိုလ္မႉး အသီဆစ္ ခ်ိဳင္ႏူဗတ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ၂၀၂၆ မှာ ဒေါ်လာ ၂ ဘီလီယံ ရှိဖို့ မျှော်လင့်

ထိုင်းနဲ့ မြန်မာ နယ်စက် ကုန်သွယ်ရေး ပမာဏဟာ ၂၀၂၆ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ရှိမယ်လို့ မျှော်လင့်ကြောင်း ထိုင်း ဝန်ကြီးချုပ်ရုံး လက်ထောက် ပြောခွင့်ရသူက ပြောပါတယ်။

ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့်ကို နေပြည်တော်မှာ ကျင်းပဖို့ ရှိပြီး အဲဒီမတိုင်ခင် ၉ ကြိမ်မြောက် ထိုင်း-မြန်မာ ပူးတွဲ ကော်မရှင် အစည်းအဝေးက တင်ပြတဲ့ မူဝါဒနဲ့ ကနဦး အကောင်အထည် ဖော်မယ့် အစီအစဉ်တွေကို ထိုင်းကက်ဘိနက်က အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံ ပူးတွဲ အစည်းအဝေးတွေမှာ နယ်စပ်ကို ထိန်းချုပ်ပြီး နိုင်ငံရေး တည်ငြိမ်မှု ရှိရေးကို အဓိက ထားခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးမှုအနေနဲ့ နှစ်ဖက် အစိုးရက ၂၀၂၆ ခုနှစ်မှာ နယ်စပ်ကုန်သွယ်ရေးကို ဒေါ်လာ ၂ ဘီလီယံအထိ ရောက်ရှိဖို့ ရည်မှန်းထားတာ ဖြစ်တယ်လို့ ပြောခွင့်ရသူ ဗိုလ်မှူး အသီဆစ် ချိုင်နူဗတ်က ပြောပါတယ်။

?bph6