
0
178

 



>>>>>>>>>>>>>>>>>>

ချောင်းဆုံမြို့နယ်မှာ စာသင်ကျောင်းဆောင် ပြိုကျ၊ ကျောင်းသား ကျောင်းသူ ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ စာသင်ကျောင်းဆောင် ပြိုကျမှု ဖြစ်ပွားလို့ ကျောင်းသား ကျောင်းသူ ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

သြဂုတ်လ ၆ ရက်နေ့က ကညှော်ကျေးရွာ၊ ရပ်ကွက် (၁၂) ရှိ အ.ထ.က (ကညှော်) နှစ်ထပ်ကျောင်းဆောင် ဆင့်တန်းတွေ ဆွေးမြေ့ပြီး ပျဉ်ခင်းနဲ့ ဝရန်တာ ပြုတ်ကျ ပျက်စီးခဲ့ပါတယ်။ ပြုတ်ကျ ပျက်စီးမှုကြောင့် ဒုတိယတန်း ကျောင်းသား တစ်ဦး၊ ဒုတိယတန်း ကျောင်းသူ နှစ်ဦးတို့ ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာတွေ ရခဲ့လို့ ကညှော် တိုက်နယ် ဆေးရုံကို ပို့ဆောင်ကုသခဲ့ရပါတယ်။

?bph6