ခ်င္းတြင္းျမစ္မွာ တြန္းသေဘၤာေမွာက္၊ လူထိခိုက္ ေသဆံုးမႈ မရွိ

0
204

စစ္ကိုင္းတိုင္း၊ ကေလးဝၿမိဳ႕နယ္၊ ခ်င္းတြင္းျမစ္၊ ပလူဇဝ ေက်းရြာဘက္ကမ္းမွာ ဆိုက္ကပ္ထားတဲ့ ‘လွနန္းထိန္ဝါ’ တြန္းသေဘၤာဟာ မေန႔က ၾသဂုတ္လ ၇ ရက္ေန႔မွာ တိမ္းေမွာက္ခဲ့ပါတယ္။

တြန္းသေဘၤာ ေမာင္းႏွင္သူ ဦးစိုးလြင္ (၄၇ ႏွစ္) က လံုးပတ္ ၂ ေပ ရွိ သစ္ပင္မွာ ႀကိဳးခ်ည္ ရပ္နားထားစဥ္ သစ္ပင္ဟာ အျမစ္က ကြ်တ္ထြက္လာတာေၾကာင့္ တြန္းသေဘၤာကို ေမာင္းႏွင္ေရွာင္တိမ္းရာမွာ ထိန္းႀကိဳးေတြ ျပတ္ၿပီး ပန္ကာနဲ႔ ခ်ိတ္မိကာ တြဲထားတဲ့ တြဲေရယာဥ္နဲ႔ တိုက္မိ တိမ္းေမွာက္ခဲ့တာ ျဖစ္ပါတယ္။

တိုက္မိတဲ့ တြဲေရယာဥ္မွာ ေက်ာက္မီးေသြး ၁၆၆၈ တန္ တင္ေဆာင္ထားၿပီး တြန္းသေဘၤာ တိမ္းေမွာက္မႈေၾကာင့္ ေရယာဥ္ေပၚပါ လူေတြ ထိခိုက္မႈ မရွိပါဘူး။ ေရယာဥ္ကို ေပါ့ဆစြာ ေမာင္းႏွင္တဲ့ ဦးစိုးလြင္ကိုေတာ့ အမႈဖြင့္ အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချင်းတွင်းမြစ်မှာ တွန်းသင်္ဘောမှောက်၊ လူထိခိုက် သေဆုံးမှု မရှိ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ချင်းတွင်းမြစ်၊ ပလူဇဝ ကျေးရွာဘက်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ‘လှနန်းထိန်ဝါ’ တွန်းသင်္ဘောဟာ မနေ့က သြဂုတ်လ ၇ ရက်နေ့မှာ တိမ်းမှောက်ခဲ့ပါတယ်။

တွန်းသင်္ဘော မောင်းနှင်သူ ဦးစိုးလွင် (၄၇ နှစ်) က လုံးပတ် ၂ ပေ ရှိ သစ်ပင်မှာ ကြိုးချည် ရပ်နားထားစဉ် သစ်ပင်ဟာ အမြစ်က ကျွတ်ထွက်လာတာကြောင့် တွန်းသင်္ဘောကို မောင်းနှင်ရှောင်တိမ်းရာမှာ ထိန်းကြိုးတွေ ပြတ်ပြီး ပန်ကာနဲ့ ချိတ်မိကာ တွဲထားတဲ့ တွဲရေယာဉ်နဲ့ တိုက်မိ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်မိတဲ့ တွဲရေယာဉ်မှာ ကျောက်မီးသွေး ၁၆၆၈ တန် တင်ဆောင်ထားပြီး တွန်းသင်္ဘော တိမ်းမှောက်မှုကြောင့် ရေယာဉ်ပေါ်ပါ လူတွေ ထိခိုက်မှု မရှိပါဘူး။ ရေယာဉ်ကို ပေါ့ဆစွာ မောင်းနှင်တဲ့ ဦးစိုးလွင်ကိုတော့ အမှုဖွင့် အရေးယူထားပါတယ်။

?bph6