လူငယ္ေတြအတြက္ အလုပ္အကုိင္ရရွိဖုိ႔ကုိ အဓိကထား ေဆြးေႏြးသြားမယ္ (႐ုပ္/သံ)

0
69

ျမန္မာႏုိင္ငံ ဌာေနတုိင္းရင္းသား လူငယ္ေတြအတြက္ အလုပ္အကုိင္ရရွိဖုိ႔ကုိ ဌာေနတိုင္းရင္းသားမ်ားေတြ႕ဆုံပြဲမွာ အဓိကထား ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ မင္းျပည့္ႏုိင္ က ေပးပုိ႔ထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး၊ လူမႈေရးေတြက အစ ေျပာင္းလဲတုိးတက္လာတဲ့ အေျခအေနေတြနဲ႔အညီ ျမန္မာႏုိင္ငံဌာေနတုိင္းရင္းသား ပညာတတ္လူငယ္ေတြ ရွားပါးေနတာေၾကာင့္ ေဒသဖြံ႕ၿဖိဳးေရးေတြမွာ ေနာက္က်က်န္ခဲ့တာေတြ ရွိတယ္လုိ႔ ျမန္မာႏုိင္ငံ ဌာေနတုိင္းရင္းသားမ်ားကြန္ရက္က ေျပာပါတယ္။

ၾသဂုတ္လ ၆ ရက္ေန႔က ရန္ကုန္ၿမဳိ႕ Franc Hall မွာ ျမန္မာဌာေနတုိင္းရင္းသားမ်ား ေတြ႔ဆုံေဆြးေႏြးပြဲကုိ ျပဳလုပ္ခဲ့တာပါ။

Soundbite – ေစာေဂ်ာ့ေရွ (အလုပ္အမႈေဆာင္ေကာ္မတီ၀င္)ျမန္မာႏုိင္ငံဌာေနတုိင္းရင္းသားမ်ားကြန္ရက္

ျမန္မာႏုိင္ငံဌာေနတုိင္းရင္းသားလူငယ္ေတြအတြက္ အလုပ္အကုိင္ရွားပါးမႈဟာ တုိင္းရင္းသားေတြရဲ့ မူလပကတိရွိေနတဲ့ လူေနမႈပုံစံေတြနဲ႔ ေျမယာပုိင္ဆုိင္ခြင့္ေတြကုိ တရား၀င္အသိအမွတ္ျပဳထားေပးမႈ အားနည္းေနတဲ့အတြက္ အလုပ္အကုိင္အခြင့္ အလမ္းရွားပါးမႈေတြျဖစ္လာတာလို႔ ခ်င္းလူ႔အခြင့္ အေရးအဖြဲ႔ က ေထာက္ျပခဲ့ပါတယ္။

Soundbite – မုိင္သင္းယုမြန္ (ဒါရုိက္တာ)(ဌာေနတုိင္းရင္းသားအစီအစဥ္ / ခ်င္းလူ႔အခြင့္အေရးအဖြဲ႔)

ၾသဂုတ္လ ၉ ရက္ေန႔မွာ က်ေရာက္တဲ့ အျပည္ျပည္ဆုိင္ရာဌာေနတုိင္းရင္းသားမ်ားေန႔ကုိ ႀကိဳဆုိဂုဏ္ျပဳတဲ့အေနနဲ႔ ရန္ကုန္ၿမိဳ႕ ေအာက္ၾကည့္ျမင္တိုင္လမ္းမွာရွိတဲ့ ကရင္ၿခံ၀င္းမွာ ျမန္မာႏုိင္ငံဌာေနတုိင္းရင္းသားေတြ ေတြ႔ဆုံေဆြးေႏြးပြဲကုိ (၃) ရက္ၾကာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသား လူငယ်တွေအတွက် အလုပ်အကိုင်ရရှိဖို့ကို ဌာနေတိုင်းရင်းသားများတွေ့ဆုံပွဲမှာ အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မင်းပြည့်နိုင် က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးတွေက အစ ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေတွေနဲ့အညီ မြန်မာနိုင်ငံဌာနေတိုင်းရင်းသား ပညာတတ်လူငယ်တွေ ရှားပါးနေတာကြောင့် ဒေသဖွံ့ဖြိုးရေးတွေမှာ နောက်ကျကျန်ခဲ့တာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားများကွန်ရက်က ပြောပါတယ်။

သြဂုတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ Franc Hall မှာ မြန်မာဌာနေတိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာပါ။

Soundbite – စောဂျော့ရှေ (အလုပ်အမှုဆောင်ကော်မတီဝင်)မြန်မာနိုင်ငံဌာနေတိုင်းရင်းသားများကွန်ရက်

မြန်မာနိုင်ငံဌာနေတိုင်းရင်းသားလူငယ်တွေအတွက် အလုပ်အကိုင်ရှားပါးမှုဟာ တိုင်းရင်းသားတွေရဲ့ မူလပကတိရှိနေတဲ့ လူနေမှုပုံစံတွေနဲ့ မြေယာပိုင်ဆိုင်ခွင့်တွေကို တရားဝင်အသိအမှတ်ပြုထားပေးမှု အားနည်းနေတဲ့အတွက် အလုပ်အကိုင်အခွင့် အလမ်းရှားပါးမှုတွေဖြစ်လာတာလို့ ချင်းလူ့အခွင့် အရေးအဖွဲ့ က ထောက်ပြခဲ့ပါတယ်။

Soundbite – မိုင်သင်းယုမွန် (ဒါရိုက်တာ)(ဌာနေတိုင်းရင်းသားအစီအစဉ် / ချင်းလူ့အခွင့်အရေးအဖွဲ့)

သြဂုတ်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဌာနေတိုင်းရင်းသားများနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်းမှာရှိတဲ့ ကရင်ခြံဝင်းမှာ မြန်မာနိုင်ငံဌာနေတိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးပွဲကို (၃) ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပါတယ် ခင်ဗျာ။

?bph6