မကၠဆီကိုမွာက်င္းပမယ့္ စက္ရုပ္ျပိဳင္ပြဲမွာ ျမန္မာေက်ာင္းသားလူငယ္ေတြ ၀င္ျပိဳင္မယ္(႐ုပ္/သံ)

0
190

မကၠဆီကိုႏိုင္ငံမွာ က်င္းပမယ့္ First Global Robotics Challenge 2018 စက္ရုပ္ျပိဳင္ပြဲမွာ ျမန္မာလူငယ္ ၅ ဦး သြားေရာက္ယွဥ္ျပိဳင္ သြားမွာျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္ က ေပးပို႔ထားပါတယ္။

မကၠဆီကိုႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္အတြက္ က်င္းပမယ့္ First Global Robotics Challenge 2018 ျပိဳင္ပြဲကို လာမယ့္ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ စတင္က်င္းပသြားမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအပါအ၀င္ ႏိုင္ငံေပါင္း ၁၅၀ ေက်ာ္က လူငယ္ေက်ာင္းသားေတြ ပါ၀င္ ယွဥ္ျပိဳင္သြားမွာ ျဖစ္ပါတယ္။

ျမန္မာလူငယ္ ၅ ဦး ဦးေဆာင္တဲ့ ျမန္မာႏိုင္ငံကိုယ္စားျပဳအသင္းဟာ သူတို႔တီထြင္ဖန္တီးထားတဲ့ ၿပိဳင္ပြဲ၀င္ စက္႐ုပ္ကို ၾသဂုတ္လ ၆ ရက္ေန႔က ရန္ကုန္ျမိဳ႕ဖန္တီးရာမွာ စမ္းသပ္ျပသခဲ့ၾကတာပါ။

Soundbites- သီရီ၀ါ၀ါသိန္း (သတင္းအခ်က္အလက္နည္းပညာတကၠသိုလ္၊ဒုတိယႏွစ္)

ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ဒီစီၿမိဳ႕မွာ က်င္းပတဲ့ ၿပိဳင္ပြဲမွာ ႏိုင္ငံေပါင္း ၁၅၇ ႏိုင္ငံ ပါ၀င္ယွဥ္ျပိဳင္ခဲ့ၿပီး ျမန္မာႏိုင္ငံကိုယ္စားျပဳ သြားျပိဳင္ခဲ့တဲ့ အသင္းဟာ ကမာၻ႔အဆင့္ ၆ ေနရာ ရရွိခဲ့တာေၾကာင့္ ဒီႏွစ္ျပိဳင္ပြဲကိုလည္း အေကာင္းဆံုး ၾကိဳးစားထားတယ္လို႔ ျမန္မာႏိုင္ငံကိုယ္စားျပဳ စက္႐ုပ္အသင္း လူငယ္ေတြက ေျပာပါတယ္။

Soundbites-မပန္းအင္ၾကင္း (သတင္းအခ်က္အလက္နည္းပညာတကၠသိုလ္၊ပထမႏွစ္)

ျမန္မာအသင္းဟာ First Global Robotics Challenge 2018 ျပိဳင္ပြဲမွာ ဒီႏွစ္အတြက္ သတ္္မွတ္ထားတဲ့ “Energy Impact” ဆိုတဲ့ ေခါင္းစဥ္ေအာက္က ႏိုင္ငံတကာက ေက်ာင္းသားလူငယ္ေတြအတူ ဖန္တီးထားတဲ့ စက္႐ုပ္ေတြ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကိုနိုင်ငံမှာ ကျင်းပမယ့် First Global Robotics Challenge 2018 စက်ရုပ်ပြိုင်ပွဲမှာ မြန်မာလူငယ် ၅ ဦး သွားရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက် က ပေးပို့ထားပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွက် ကျင်းပမယ့် First Global Robotics Challenge 2018 ပြိုင်ပွဲကို လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅၀ ကျော်က လူငယ်ကျောင်းသားတွေ ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မြန်မာလူငယ် ၅ ဦး ဦးဆောင်တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအသင်းဟာ သူတို့တီထွင်ဖန်တီးထားတဲ့ ပြိုင်ပွဲဝင် စက်ရုပ်ကို သြဂုတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ဖန်တီးရာမှာ စမ်းသပ်ပြသခဲ့ကြတာပါ။

Soundbites- သီရီဝါဝါသိန်း (သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ဒုတိယနှစ်)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၅၇ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု သွားပြိုင်ခဲ့တဲ့ အသင်းဟာ ကမ္ဘာ့အဆင့် ၆ နေရာ ရရှိခဲ့တာကြောင့် ဒီနှစ်ပြိုင်ပွဲကိုလည်း အကောင်းဆုံး ကြိုးစားထားတယ်လို့ မြန်မာနိုင်ငံကိုယ်စားပြု စက်ရုပ်အသင်း လူငယ်တွေက ပြောပါတယ်။

Soundbites-မပန်းအင်ကြင်း (သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ပထမနှစ်)

မြန်မာအသင်းဟာ First Global Robotics Challenge 2018 ပြိုင်ပွဲမှာ ဒီနှစ်အတွက် သတ်မှတ်ထားတဲ့ “Energy Impact” ဆိုတဲ့ ခေါင်းစဉ်အောက်က နိုင်ငံတကာက ကျောင်းသားလူငယ်တွေအတူ ဖန်တီးထားတဲ့ စက်ရုပ်တွေ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

?bph6