
0
193




>>>>>>>>>>>>>>>>>>>

ကြားဖြတ် ရွေးကောက်ပွဲ ဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်း ထုတ်ပြန်

၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း ကြေညာချက်တွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲတွေမှာ ဩဂုတ် ၆ ရက် ကစတင်ပြီး ကပ်ထားကြေညာထားပါတယ်။

၂၀၁၈ ခုနှစ်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ (စနေနေ့) မှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေရာတွေအတွက် မြို့နယ် ၁၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး ဖြစ်ပါတယ်။

?bph6