
0
204




>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကိုမှာ ကျင်းပမယ့် FIRST Global Robotics Challenge ပြိုင်ပွဲ မြန်မာ ဝင်ပြိုင်မယ်

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမှာ သြဂုတ် ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျင်းပမယ့် FIRST Global Robotics Challenge 2018 ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအသင်း ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်နည်းပညာ တက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နဲ့ ACT တို့က ကျောင်းသားကျောင်းသူ ငါးဦးပါတဲ့အဖွဲ့က ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အသင်းတွေဟာ စက်ပစ္စည်းတွေ ဆင်တူပါဝင်တဲ့ Robot Kit ကို ရရှိကြမှာ ဖြစ်ပြီး အဲဒီ စက်ပစ္စည်းတွေနဲ့ သတ်မှတ်ချက်တွေကို လုပ်ဆောင်နိုင်တဲ့ စက်ရုပ်တစ်ခုကို တည်ဆောက် ရမှာ ဖြစ်ပါတယ်။

မနှစ်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ သွားပြိုင်ခဲ့တဲ့ အသင်းက နိုင်ငံပေါင်း ၁၅၇ နိုင်ငံထဲမှာ အဆင့် ၆ ရခဲ့ဖူးပါတယ်။

?bph6