နည္းပညာအသံုးျပဳျပီး စာဖတ္အားျမွင္႔တင္မယ္ (႐ုပ္/သံ)

0
191

လူငယ္ေတြ စာေပဖတ္ရႈမႈအားေကာင္းလာေစဖို႔ စာႀကည့္တုိက္ေတြအျပင္ နည္းပညာကို အသုံးခ်ၿပီး အြန္လုိင္းစနစ္နဲ႔ ဖတ္ရႈတဲ့စနစ္ေတြကုိ အသုံးျပဳနုိင္ဖို႔ လိုအပ္ေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေကသြယ္ကေပးပုိ႔ထားပါတယ္ ။

ဒီေန႔ေခတ္လူငယ္ေတြ စာၾကည့္တုိက္ေတြမွာ စာေပဖတ္ရႈမႈ အားနည္းလာတာနဲ႔အမ်ွ နည္းပညာကုိ အသုံးခ်ၿပီး မုိုဘုိင္းဖုန္းေတြကေနတဆင့္ ဗဟုသုတႀကြယ္ေစမယ့္စာေပေတြကုိ အမွန္တကယ္ေလ့ လာဖတ္ရႈေစနုိင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ႀသဂုတ္လ ၅ ရက္ေန႔က ရန္ကုန္ၿမိဳ႕ MICT Park မွာ စာေပ၀န္ေဆာင္မႈလုပ္ငန္းတစ္ခုျဖစ္တဲ့ ( Wun Zinn Mobile Application ) ကတတိယအႀကိမ္ေျမာက္က်င္းပတဲ့ ၀န္ဇင္းစာေပစကား၀ုိင္း ျပဳလုပ္ခဲ့တာပါ။

Soundbite – စာေရးဆရာမ မစႏၵာ

ဒါ့အျပင္၀န္ဇင္းစာေပ၀န္ေဆာင္မႈလုပ္ငန္းကေန လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ ဝန္ဇင္း Reading Club အမည္နဲ႔ တည္ေထာင္ထားၿပီး အဲဒီထဲက စာေပလႈပ္ရွားမႈတစ္ခုအေနနဲ႔ နာမည္ႀကီး စာေပ ပညာရွင္ေတြကုိ ဖိတ္ေခၚၿပီး စာေပစကား၀ုိင္းေတြ ျပဳလုပ္ေပးေနတာျဖစ္ပါတယ္ ။

Sound bite – ကုိဇြဲမာန္ေအာင္ (ထုတ္လုပ္ေရးမွဴး)Wun Zinn Mobile Application

အဲဒီစာေပစကား၀ုိင္းမွာ စာေရးဆရာမ မစႏၵာနဲ႔ စာေရးဆရာမ မသီတာ ( စမ္းေခ်ာင္း ) တုိ႕က လာေရာက္ေဆြးေႏြးခဲ့တာပါ။ ၀န္ဇင္း မုိဘုိင္းအက္ပလီေကးရွင္းကုိ ၿပီးခဲ့တဲ့ ၂၀၁၄ခုႏွစ္ က စတင္ခဲ့တာျဖစ္ၿပီး အခုလက္ရွိ စာဖတ္ပရိသတ္ တစ္သန္းခြဲေက်ာ္နဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။ ဒါ့အျပင္ စာအုပ္အမ်ဳိးအစားစုံကုိ အခမဲ့ဖတ္ရႈနုိင္မွာျဖစ္သလို အသစ္ထြက္ရွိထားတဲ့ စာအုပ္ေတြကုိလည္း ၀ယ္ယူဖတ္ရႈနုိင္မွာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေ စာပေဖတ်ရှုမှုအားကောင်းလာစေဖို့ စာကြည့်တိုက်တွေအပြင် နည်းပညာကို အသုံးချပြီး အွန်လိုင်းစနစ်နဲ့ ဖတ်ရှုတဲ့စနစ်တွေကို အသုံးပြုနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ကေသွယ်ကပေးပို့ထားပါတယ် ။

ဒီနေ့ခေတ်လူငယ်တွေ စာကြည့်တိုက်တွေမှာ စာပေဖတ်ရှုမှု အားနည်းလာတာနဲ့အမျှ နည်းပညာကို အသုံးချပြီး မိုုဘိုင်းဖုန်းတွေကနေတဆင့် ဗဟုသုတကြွယ်စေမယ့်စာပေတွေကို အမှန်တကယ်လေ့ လာဖတ်ရှုစေနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ MICT Park မှာ စာပေဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ ( Wun Zinn Mobile Application ) ကတတိယအကြိမ်မြောက်ကျင်းပတဲ့ ဝန်ဇင်းစာပေစကားဝိုင်း ပြုလုပ်ခဲ့တာပါ။

Soundbite – စာရေးဆရာမ မစန္ဒာ

ဒါ့အပြင်ဝန်ဇင်းစာပေဝန်ဆောင်မှုလုပ်ငန်းကနေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဝန်ဇင်း Reading Club အမည်နဲ့ တည်ထောင်ထားပြီး အဲဒီထဲက စာပေလှုပ်ရှားမှုတစ်ခုအနေနဲ့ နာမည်ကြီး စာပေ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး စာပေစကားဝိုင်းတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ် ။

Sound bite – ကိုဇွဲမာန်အောင် (ထုတ်လုပ်ရေးမှူး)Wun Zinn Mobile Application

အဲဒီစာပေစကားဝိုင်းမှာ စာရေးဆရာမ မစန္ဒာနဲ့ စာရေးဆရာမ မသီတာ ( စမ်းချောင်း ) တို့က လာရောက်ဆွေးနွေးခဲ့တာပါ။ ဝန်ဇင်း မိုဘိုင်းအက်ပလီကေးရှင်းကို ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် က စတင်ခဲ့တာဖြစ်ပြီး အခုလက်ရှိ စာဖတ်ပရိသတ် တစ်သန်းခွဲကျော်နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် စာအုပ်အမျိုးအစားစုံကို အခမဲ့ဖတ်ရှုနိုင်မှာဖြစ်သလို အသစ်ထွက်ရှိထားတဲ့ စာအုပ်တွေကိုလည်း ဝယ်ယူဖတ်ရှုနိုင်မှာဖြစ်ပါတယ်ရှင်။

?bph6