တရားမဝင္ ခြဲစိတ္ကုသမႈေတြရွိေနတဲ့ တ႐ုတ္ေဆးခန္းကို စစ္ေဆးခဲ့ေပမယ့္ ေဆးကုသ သူကို မဖမ္းမိ (႐ုပ္/သံ)

0
241

တရားမဝင္ ခြဲစိတ္ကုသမႈေတြရွိေနတဲ့ တရုတ္ေဆးခန္းကို ဝင္ေရာက္ရွာေဖြစစ္ေဆးခဲ့ေပမယ့္ အဓိက တာဝန္ရွိတဲ့ တရုတ္ႏိုင္ငံက ေဆးကုတဲ့သူေတြကို ဖမ္းမမိခဲ့ဘူးလို႔ ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

၂၀၁၇ ခုႏွစ္ ဇန္နဝါရီလက စတင္ဖြင့္ခဲ႔တဲ႔ ေဒါပုံၿမိဳ႕နယ္ထဲက Friendly ေဆးကုခန္းမွာ တရားဝင္မွတ္ပုံတင္ ထားျခင္းမရွိတဲ႔ တရုတ္ႏိုင္ငံထုတ္ေဆးေတြနဲ႔ တရားမဝင္ခြဲစိတ္ကုသမႈေတြရွိေနတာေၾကာင့္ ဇူလိုင္လ ၂၅ ရက္ေန႔က က်န္းမာေရးဦးစီးဌာနနဲ႔ တာဝန္ရွိသူေတြ ဝင္ေရာက္ရွာေဖြစစ္ေဆးခဲ႔ပါတယ္။

အဲဒီလို ဝင္ေရာက္ရွာေဖြစစ္ေဆးမႈေတြလုပ္ခဲ႔ေပမယ့္ အဓိကတာဝန္ရွိတဲ႔ တရုတ္ႏိုင္ငံသားေဆးကုတဲ႔သူေတြကို ဖမ္းမမိခဲ႔ဘဲ ေဆးဝါးနဲ႔ ခြဲစိတ္ခန္းသုံးစက္ပစၥည္းေတြကိုသာ သိမ္းဆည္းရခဲ႔တာ ျဖစ္ပါတယ္။

ဇူလိုင္လ ၂၆ ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးဌာနရုံးခန္းမမွာ တရားမဝင္ေဆးကုခန္းနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။

Soundbite ေဒါက္တာထြန္းျမင့္ (အတြင္းေရးမွဴး၊ ပုဂၢလိကက်န္းမာေရးလုပ္ငန္းဆိုင္ရာႀကီးၾကပ္ေရးေကာ္မတီ)

အဲဒီ Friendly ေဆးကုခန္းမွာ တစ္ႏွစ္ခြဲေက်ာ္ၾကာ ကုသမႈေတြေပးေနတဲ႔ တရုတ္ႏိုင္ငံသား ၂ ဦးက Business ဗီဇာနဲ႔လာေရာက္တာျဖစ္ၿပီး၊ ဝင္ေရာက္ရွာေဖြစစ္ေဆးခ်က္အရ တရုတ္ႏိုင္ငံသားတစ္ဦးရဲ႕ ႏိုင္ငံကူးလက္မွတ္ကိုသာ ရွာေဖြသိမ္းဆည္း ႏိုင္ခဲ႔တာ ျဖစ္ပါတယ္။

အခုလက္ရွိမွာ Friendly ေဆးကုသခန္းပိုင္ရွင္ကို အမ်ိဳးသားေဆးဝါးဥပေဒပုဒ္မ ၁၈၊ ပုဂၢလိကက်န္းမာေရးဆိုင္ရာဥပေဒပုဒ္မ (၃၄-က) နဲ႔ အမႈဖြင့္ထားတယ္လို႔ ေဒါပုံၿမိဳ႕နယ္ရဲတပ္ဖြဲ႔ ဒုရဲမွဴးက ေျပာပါတယ္။

Soundbite ဒုရဲမွဴးထြန္းထြန္းႏိုင္(ေဒါပုံၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ရန္ကုန္တိုင္းေဒသႀကီး)

အခုလို တရုတ္ႏိုင္ငံသားေတြလာေရာက္ၿပီး တရားမဝင္ေဆးကုေနတဲ႔ လမ္းမေတာ္ၿမိဳ႕နယ္ထဲက ေနဝင္းေဆးကုခန္းနဲ႔ လႈိင္ၿမိဳ႕နယ္ထဲက ေရာင္နီဦးေဆးကုခန္းေတြကို က်န္းမာေရးဦးစီးဌာနနဲ႔ တာဝန္ရွိသူေတြ ဝင္ေရာက္ရွာေဖြစစ္ေဆးခဲ႔ၿပီး အမ်ိဳးသားေဆးဝါးဥပေဒပုဒ္မ ၁၈ နဲ႔ အမႈဖြင့္အေရးယူထားပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရားမဝင် ခွဲစိတ်ကုသမှုတွေရှိနေတဲ့ တရုတ်ဆေးခန်းကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပေမယ့် အဓိက တာဝန်ရှိတဲ့ တရုတ်နိုင်ငံက ဆေးကုတဲ့သူတွေကို ဖမ်းမမိခဲ့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလက စတင်ဖွင့်ခဲ့တဲ့ ဒေါပုံမြို့နယ်ထဲက Friendly ဆေးကုခန်းမှာ တရားဝင်မှတ်ပုံတင် ထားခြင်းမရှိတဲ့ တရုတ်နိုင်ငံထုတ်ဆေးတွေနဲ့ တရားမဝင်ခွဲစိတ်ကုသမှုတွေရှိနေတာကြောင့် ဇူလိုင်လ ၂၅ ရက်နေ့က ကျန်းမာရေးဦးစီးဌာနနဲ့ တာဝန်ရှိသူတွေ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပါတယ်။

အဲဒီလို ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့ပေမယ့် အဓိကတာဝန်ရှိတဲ့ တရုတ်နိုင်ငံသားဆေးကုတဲ့သူတွေကို ဖမ်းမမိခဲ့ဘဲ ဆေးဝါးနဲ့ ခွဲစိတ်ခန်းသုံးစက်ပစ္စည်းတွေကိုသာ သိမ်းဆည်းရခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးဌာနရုံးခန်းမမှာ တရားမဝင်ဆေးကုခန်းနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါက်တာထွန်းမြင့် (အတွင်းရေးမှူး၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ)

အဲဒီ Friendly ဆေးကုခန်းမှာ တစ်နှစ်ခွဲကျော်ကြာ ကုသမှုတွေပေးနေတဲ့ တရုတ်နိုင်ငံသား ၂ ဦးက Business ဗီဇာနဲ့လာရောက်တာဖြစ်ပြီး၊ ဝင်ရောက်ရှာဖွေစစ်ဆေးချက်အရ တရုတ်နိုင်ငံသားတစ်ဦးရဲ့ နိုင်ငံကူးလက်မှတ်ကိုသာ ရှာဖွေသိမ်းဆည်း နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ Friendly ဆေးကုသခန်းပိုင်ရှင်ကို အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈၊ ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ (၃၄-က) နဲ့ အမှုဖွင့်ထားတယ်လို့ ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးက ပြောပါတယ်။

Soundbite ဒုရဲမှူးထွန်းထွန်းနိုင်(ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး)

အခုလို တရုတ်နိုင်ငံသားတွေလာရောက်ပြီး တရားမဝင်ဆေးကုနေတဲ့ လမ်းမတော်မြို့နယ်ထဲက နေဝင်းဆေးကုခန်းနဲ့ လှိုင်မြို့နယ်ထဲက ရောင်နီဦးဆေးကုခန်းတွေကို ကျန်းမာရေးဦးစီးဌာနနဲ့ တာဝန်ရှိသူတွေ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈ နဲ့ အမှုဖွင့်အရေးယူထားပါတယ် ခင်ဗျာ။

?bph6