ျမန္မာႏိုင္ငံမွာ ပထမဆံုးအႀကိမ္ ေျခေထာက္ကို ျပန္ဆက္ၿပီး ကုသေပးႏိုင္ခဲ့

0
146

 

ျမန္မာႏိုင္ငံမွာ ပထမဦးဆုံးအႀကိမ္အျဖစ္ ျပတ္ထြက္သြားတဲ့ ေျခေထာက္ ျပန္ဆက္ေပးတဲ့ ကုသမႈကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ ေအာင္ျမင္စြာ ကုသႏိုင္ခဲ့ပါတယ္။

ဇြန္လ ၁၉ ရက္ေန႔က တြံေတးၿမိဳ႕အနီး၊ ေရႊကသစ္ ေက်းရြာက ကိုသိန္းေဇာ္ဦး မနက္ ၉ နာရီမွာ ျမက္ရိတ္စက္ အသံုးျပဳစဥ္ ဓားကြ်တ္ထြက္ၿပီး ေျခေထာက္ျဖတ္မိတာ ျဖစ္ပါတယ္။ မြန္းတည့္ ၁၂ နာရီမွာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကို ေရာက္လာတဲ့အတြက္ အ႐ိုးအထူးကုဆရာဝန္ေတြနဲ႔ လက္ပိုင္းဆိုင္ရာ ခြဲစိတ္မႈဆရာဝန္ေတြ ပူးေပါင္းၿပီး ကုသေပးခဲ့တာ ျဖစ္ပါတယ္။

လူနာ ကိုသိန္းေဇာ္ဦးဟာ ငါးနာရီနီးပါးၾကာ ခြဲစိတ္ကုသမႈနဲ႔ ဒုတိယအႀကိမ္ ခြဲစိတ္ကုသမႈကို ခံယူခဲ့ရၿပီး ဒဏ္ရာအေျခအေနမွာ ပိုးမဝင္ဘဲ အနာက်က္ၿပီး ေကာင္းမြန္ေနတဲ့အတြက္ မၾကာမီေဆး႐ုံမွ ဆင္းခြင့္ျပဳမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ခြေထောက်ကို ပြန်ဆက်ပြီး ကုသပေးနိုင်ခဲ့

မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်အဖြစ် ပြတ်ထွက်သွားတဲ့ ခြေထောက် ပြန်ဆက်ပေးတဲ့ ကုသမှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အောင်မြင်စွာ ကုသနိုင်ခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့က တွံတေးမြို့အနီး၊ ရွှေကသစ် ကျေးရွာက ကိုသိန်းဇော်ဦး မနက် ၉ နာရီမှာ မြက်ရိတ်စက် အသုံးပြုစဉ် ဓားကျွတ်ထွက်ပြီး ခြေထောက်ဖြတ်မိတာ ဖြစ်ပါတယ်။ မွန်းတည့် ၁၂ နာရီမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်လာတဲ့အတွက် အရိုးအထူးကုဆရာဝန်တွေနဲ့ လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုဆရာဝန်တွေ ပူးပေါင်းပြီး ကုသပေးခဲ့တာ ဖြစ်ပါတယ်။

လူနာ ကိုသိန်းဇော်ဦးဟာ ငါးနာရီနီးပါးကြာ ခွဲစိတ်ကုသမှုနဲ့ ဒုတိယအကြိမ် ခွဲစိတ်ကုသမှုကို ခံယူခဲ့ရပြီး ဒဏ်ရာအခြေအနေမှာ ပိုးမဝင်ဘဲ အနာကျက်ပြီး ကောင်းမွန်နေတဲ့အတွက် မကြာမီဆေးရုံမှ ဆင်းခွင့်ပြုမှာ ဖြစ်ပါတယ်။

?bph6