ဆယ္စုႏွစ္ခ်ီ ေျမသိမ္းယာသိမ္း အမႈေတြ အျမန္ေျဖရွင္းဖို႔ HRW တိုက္တြန္း

0
378

စစ္အစိုးရ လက္ထက္မွာ သိမ္းယူထားတဲ့ ေျမယာေတြ ကိစၥဟာ ဆယ္စုႏွစ္ခ်ီ ၾကာျမင့္ေနၿပီး ျမန္မာ အရပ္သား အစိုးရ အေနနဲ႔ အလ်င္အျမန္ ေျဖရွင္းသင့္တယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႔ (HRW) က တိုက္တြန္းလိုက္ပါတယ္။

လယ္ယာေျမ အသိမ္းခံရသူေတြအတြက္ တရားမွ်တမႈ ေဆာင္က်ဥ္းေပးဖို႔ အရပ္သား အစိုးရ အေနနဲ႔ အႀကီးအက်ယ္ ပ်က္ကြက္ေနတယ္လို႔လည္း HRW ရဲ႕ အစီရင္ခံစာက ေထာက္ျပထားပါတယ္။ အနာဂတ္ကာလမွာ လယ္ယာေျမေတြ အသိမ္းမခံရေရး လယ္သမားေတြနဲ႔ ေျမအနည္းငယ္ ပိုင္ဆိုင္သူေတြကို အကာအကြယ္ေပးမယ့္ ဥပေဒသစ္ ျပ႒ာန္းဖို႔လည္း အစီရင္ခံစာက တိုက္တြန္းထားပါတယ္။

၂၀၁၆ ခုႏွစ္ ေအာက္တိုဘာကေန ၂၀၁၇ ခုႏွစ္ မတ္လအတြင္း လယ္သမားေတြ၊ အလုပ္သမားေတြနဲ႔ ေျမယာအေရး လႈပ္ရွားသူေတြကို ေတြ႔ဆံုေမးျမန္းၿပီး ေရးသားထားတဲ့ စာမ်က္ႏွာ ၃၃ မ်က္ႏွာပါ အစီရင္ခံစာမွာ ေျမသိမ္းခံရသူေတြဟာ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ ပညာသင္ၾကားေရး စတဲ့ အေျခခံ အခြင့္အေရးေတြလည္း ျငင္းပယ္ခံရတယ္လို႔ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆယ်စုနှစ်ချီ မြေသိမ်းယာသိမ်း အမှုတွေ အမြန်ဖြေရှင်းဖို့ HRW တိုက်တွန်း

စစ်အစိုးရ လက်ထက်မှာ သိမ်းယူထားတဲ့ မြေယာတွေ ကိစ္စဟာ ဆယ်စုနှစ်ချီ ကြာမြင့်နေပြီး မြန်မာ အရပ်သား အစိုးရ အနေနဲ့ အလျင်အမြန် ဖြေရှင်းသင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။

လယ်ယာမြေ အသိမ်းခံရသူတွေအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးဖို့ အရပ်သား အစိုးရ အနေနဲ့ အကြီးအကျယ် ပျက်ကွက်နေတယ်လို့လည်း HRW ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ အနာဂတ်ကာလမှာ လယ်ယာမြေတွေ အသိမ်းမခံရရေး လယ်သမားတွေနဲ့ မြေအနည်းငယ် ပိုင်ဆိုင်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေသစ် ပြဋ္ဌာန်းဖို့လည်း အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာကနေ ၂၀၁၇ ခုနှစ် မတ်လအတွင်း လယ်သမားတွေ၊ အလုပ်သမားတွေနဲ့ မြေယာအရေး လှုပ်ရှားသူတွေကို တွေ့ဆုံမေးမြန်းပြီး ရေးသားထားတဲ့ စာမျက်နှာ ၃၃ မျက်နှာပါ အစီရင်ခံစာမှာ မြေသိမ်းခံရသူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားရေး စတဲ့ အခြေခံ အခွင့်အရေးတွေလည်း ငြင်းပယ်ခံရတယ်လို့ ဖော်ပြထားပါတယ်။