
0
281




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

FDA ညွှန်ကြားရေးမှူးချုပ် အဖြစ် ဒေါက်တာ ခင်ဇော်ကို ခန့်အပ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ်အဖြစ် ပါမောက္ခ ဒေါက်တာ ခင်ဇော်ကို တာဝန် ဝတ္တရားတွေ စတင် ဆောင်ရွက်တဲ့နေ့ကစပြီး ပြောင်းရွှေ့ ခန့်ထားလိုက်ပါတယ်။

ဒေါက်တာ ခင်ဇော်ဟာ မကွေး ဆေးတက္ကသိုလ် ပါမောက္ခချုပ် ရာထူးကနေ FDA ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ တာဝန်ယူတာ ဖြစ်ပါတယ်။

အရင် FDA ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာ သန်းထွဋ်ကတော့ ပြီးခဲ့တဲ့ ဧပြီလမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ စစ်ဆေး အရေးယူခံထားရပါတယ်။

?bph6