အေမရိကန္က ျပည္ႏွင္ဒဏ္ ေပးသူေတြ ျပန္လက္ခံဖို႔ ျမန္မာအစိုးရ ဆံုးျဖတ္

0
61

အေမရိကန္ႏိုင္ငံမွာ ျပစ္မႈက်ဴးလြန္ခဲ့တာေၾကာင့္ ျပည္ႏွင္ဒဏ္ေပးလိုတဲ့ ျမန္မာႏိုင္ငံသား ၃၁ ဦးကို ျပန္လည္ လက္ခံဖို႔ ျမန္မာအစိုးရက ဆံုးျဖတ္ေၾကာင္း RFA သတင္းမွာ ေဖာ္ျပထားပါတယ္။

ျပစ္မႈက်ဴးလြန္လို႔ ျပစ္ဒဏ္ က်ခံရၿပီးသူ ၄၇ ဦးအနက္ ၁၆ ဦးကို ျပန္လည္ လက္ခံခဲ့ၿပီး ၃၁ ဦး က်န္ရွိေနေသးတာ ျဖစ္ေၾကာင္း၊ ျမန္မာအစိုးရဘက္က စိစစ္ရာမွာ ၾကန္႔ၾကာေနတာ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးျမင့္သူက ေျပာၾကားထားပါတယ္။

ျမန္မာႏိုင္ငံ ျပည္ထဲေရး ဝန္ႀကီးဌာနနဲ႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနက ညႊန္ၾကားေရးမႉးနဲ႔ အထက္အဆင့္ အရာရွိေတြကို ျပည္ႏွင္ဒဏ္ေပးသူေတြ လက္ခံေရးမွာ ပူးေပါင္းပါဝင္မႈ မရွိဘူးဆိုၿပီး အေမရိကန္က ဗီဇာကန္႔သတ္မႈ လုပ္ေဆာင္မယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်က ပြည်နှင်ဒဏ် ပေးသူတွေ ပြန်လက်ခံဖို့ မြန်မာအစိုးရ ဆုံးဖြတ်

အမေရိကန်နိုင်ငံမှာ ပြစ်မှုကျူးလွန်ခဲ့တာကြောင့် ပြည်နှင်ဒဏ်ပေးလိုတဲ့ မြန်မာနိုင်ငံသား ၃၁ ဦးကို ပြန်လည် လက်ခံဖို့ မြန်မာအစိုးရက ဆုံးဖြတ်ကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်လို့ ပြစ်ဒဏ် ကျခံရပြီးသူ ၄၇ ဦးအနက် ၁၆ ဦးကို ပြန်လည် လက်ခံခဲ့ပြီး ၃၁ ဦး ကျန်ရှိနေသေးတာ ဖြစ်ကြောင်း၊ မြန်မာအစိုးရဘက်က စိစစ်ရာမှာ ကြန့်ကြာနေတာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြောကြားထားပါတယ်။

မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးနဲ့ အထက်အဆင့် အရာရှိတွေကို ပြည်နှင်ဒဏ်ပေးသူတွေ လက်ခံရေးမှာ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုပြီး အမေရိကန်က ဗီဇာကန့်သတ်မှု လုပ်ဆောင်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

?bph6