
0
260




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလိုရှိနေတဲ့ မူးယစ်ဆေးဝါ ကုန်သည်စာရင်း ဘင်္ဂလားဒေ့ရှ်က မြန်မာကို ပေးအပ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံက အလိုရှိနေတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်ကို ပေးအပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့မှာ ကျင်းပနေတဲ့ နှစ်နိုင်ငံ နယ်ခြားစောင့်တပ် ညီလာခံမှာ အဲဒီ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတွေ စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် (BGB) က မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေ စာရင်းကို မြန်မာဘက်ကို ပေးအပ်ခဲ့ပြီး သူတို့ကို အရေးယူဖို့ ညှိနှိုင်းတာတွေ၊ ဆွေးနွေးတာတွေ ဆက်လုပ်ဖို့ ဖြစ်ပါတယ်လို့ BGB က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

?bph6