ေမာင္ေတာမွာ က်ပ္သိန္း ၃ ေထာင္ တန္ဖိုးရွိ စိတ္ၾကြေဆးေတြ ဖမ္းမိ

0
217

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာ ေငြက်ပ္ သိန္း ၃ ေထာင္ တန္ဖိုးရွိတဲ့ စိတ္ၾကြမူးယစ္ေဆးျပားေတြ ဖမ္းဆီးရမိခဲ့ပါတယ္။

ေမာင္ေတာၿမိဳ႕မ ရဲစခန္းက တပ္ဖြဲ႔ဝင္ေတြ ပါဝင္တဲ့ ပူးေပါင္းတပ္ဖြဲ႔ဟာ ဇူလိုင္ ၁၁ ရက္ေန႔က ေမာင္ေတာၿမိဳ႕နယ္၊ ရြာသစ္ေကရပ္ကြက္၊ အလယ္ရြာေန အီစမိုင္ရဲ႕ အိမ္ကို ရွာေဖြရာမွာ သူ႔ရဲ႕ တူမျဖစ္သူ မအာစ္မာကို ေတြ႔ရွိရၿပီး အိပ္ခန္းဗိ႐ိုထဲက စိတ္ၾကြေဆးျပား ၉ ေသာင္းခြဲနီးပါး ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

မအာစ္မာ (၁၉ ႏွစ္) ကို ဖမ္းမိခဲ့ၿပီး အီစမိုင္ကေတာ့ ထြက္ေျပးေနပါတယ္။ သူတို႔ ၂ ဦးကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္ အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမှာ ကျပ်သိန်း ၃ ထောင် တန်ဖိုးရှိ စိတ်ကြွဆေးတွေ ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ငွေကျပ် သိန်း ၃ ထောင် တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

မောင်တောမြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဇူလိုင် ၁၁ ရက်နေ့က မောင်တောမြို့နယ်၊ ရွာသစ်ကေရပ်ကွက်၊ အလယ်ရွာနေ အီစမိုင်ရဲ့ အိမ်ကို ရှာဖွေရာမှာ သူ့ရဲ့ တူမဖြစ်သူ မအာစ်မာကို တွေ့ရှိရပြီး အိပ်ခန်းဗိရိုထဲက စိတ်ကြွဆေးပြား ၉ သောင်းခွဲနီးပါး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

မအာစ်မာ (၁၉ နှစ်) ကို ဖမ်းမိခဲ့ပြီး အီစမိုင်ကတော့ ထွက်ပြေးနေပါတယ်။ သူတို့ ၂ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပါတယ်။

?bph6