မေလးရွားမွာ ျမန္မာတစ္ဦး လူကုန္ကူးမႈနဲ႔ ေထာင္ ၃ ႏွစ္က်

0
132

မေလးရွားႏိုင္ငံမွာ ျမန္မာႏိုင္ငံသားတစ္ဦးဟာ လူ ေျခာက္ဦးကို လူကုန္ကူးတယ္ဆိုတဲ့ ျပစ္မႈနဲ႔ ေထာင္ဒဏ္ သံုးႏွစ္ ခ်မွတ္ခံရပါတယ္။

ဆိုင္းဘုတ္ လုပ္ငန္း လုပ္ကိုင္သူ ေအာင္ႏိုင္စိုး (၃၄ ႏွစ္) ကို သူအဖမ္းခံရတဲ့ မႏွစ္က ၂၀၁၇ ခုႏွစ္ ေမလ ၉ ရက္က စၿပီး ေထာင္ဒဏ္ သံုးႏွစ္ က်ခံေစဖို႔ ဗဟိုတရား႐ံုး တရားသူႀကီး အာမက္ ရွာရီယာက အမိန္႔ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

အမ်ိဳးသား ငါးဦးနဲ႔ အမ်ိဳးသမီး တစ္ဦးတို႔ကို ျမန္မာႏိုင္ငံကေန မေလးရွားႏိုင္ငံ၊ ဂ်လန္ အ႐ူမူဂမ္ ပီလိုင္ မႏွစ္က ေမလ ၉ ရက္ေန႔မွာ ေခၚယူခဲ့ေၾကာင္း ေအာင္ႏိုင္ဦးက ဝန္ခံခဲ့တယ္လို႔ သည္ စတား သတင္းက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှားမှာ မြန်မာတစ်ဦး လူကုန်ကူးမှုနဲ့ ထောင် ၃ နှစ်ကျ

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတစ်ဦးဟာ လူ ခြောက်ဦးကို လူကုန်ကူးတယ်ဆိုတဲ့ ပြစ်မှုနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရပါတယ်။

ဆိုင်းဘုတ် လုပ်ငန်း လုပ်ကိုင်သူ အောင်နိုင်စိုး (၃၄ နှစ်) ကို သူအဖမ်းခံရတဲ့ မနှစ်က ၂၀၁၇ ခုနှစ် မေလ ၉ ရက်က စပြီး ထောင်ဒဏ် သုံးနှစ် ကျခံစေဖို့ ဗဟိုတရားရုံး တရားသူကြီး အာမက် ရှာရီယာက အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား ငါးဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံ၊ ဂျလန် အရူမူဂမ် ပီလိုင် မနှစ်က မေလ ၉ ရက်နေ့မှာ ခေါ်ယူခဲ့ကြောင်း အောင်နိုင်ဦးက ဝန်ခံခဲ့တယ်လို့ သည် စတား သတင်းက ဖော်ပြပါတယ်။

?bph6