
0
79




>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေးရောင်းသူနဲ့ ဘင်္ဂါလီ မွတ်စလင် အလောင်း နှစ်လောင်း တွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇား၊ တက္ကနတ်ဖ်မှာ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် အလောင်း တစ်လောင်း အပါအဝင် အလောင်း နှစ်လောင်း တွေ့ရှိရတယ်လို့ ရဲက သတင်းထုတ်ပြန်ပါတယ်။

တစ်ဦးက ရှမ်ရှူး ဟူဒါ (၂၇ နှစ်) ဖြစ်ပြီး သူဟာ ရဲက အလိုရှိနေတဲ့ ထိပ်တန်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဖြစ်ပါတယ်။ နောက်တစ်ဦးက ရာဟင် အူလာ (၃၀ နှစ်) ဖြစ်ပြီး တက္ကနတ်ဖ်ရှိ လေဒါ ဒုက္ခသည်စခန်းမှာ နေထိုင်လေ့ရှိသူ ဖြစ်တယ်လို့ တက္ကနတ်ဖ် ရဲစခန်းက ပြောပါတယ်။

သူတို့ နှစ်ယောက် အလောင်း ရေထဲ မျောပါလာတာကို လေဒါ ရဲစခန်းက ရဲတပ်ဖွဲ့တွေ ကင်းလှည့်စဉ် တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ ဒေးလီးစတား သတင်းက ဖော်ပြပါတယ်။

?bph6