
0
65





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၈ ခုနှစ်လူကုန်ကူးအစီရင်ခံစာမှာ မြန်မာ အဆင့်ကျဆင်း

၂၀၁၈ ခုနှစ်လူကုန်ကူးအစီရင်ခံစာမှာ မြန်မာဟာ အခြေအနေဆိုးတဲ့ အဆင့်ရောက်သွားတာဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ကလေးစစ်သား စုဆောင်းမှုတွေကြောင့်လို့ TIP အစီရင်ခံစာ ဖော်ပြလိုက်ပါတယ်။

၂၀၁၇ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာအရ မြန်မာဟာ Tier 2 လို့ခေါ်တဲ့ အဆင့်မှာ ရှိနေပြီး ၂၀၁၈ အစီရင်ခံစာအရ Tier 3 ထိ ပြန်လည်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

လူကုန်ကူးတားဆီးကာကွယ်ရေးဆိုင်ရာ အစီရင်ခံစာအရ အဆင့်သတ်မှတ်ချက် (၃)ခုပြီး အဆင့် (၁) ဖြစ်တဲ့ Tier 1 ကတော့ လူကုန်ကူးမှုကို နှိမ်နှင်းရာမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးစံသတ်မှတ်ချက်နဲ့ အံဝင်အောင်လ လုပ်နိုင်တဲ့ နိုင်ငံတွေ ကိုသက်မှတ်ထားတာဖြစ်ပါတယ် ။
အဆင့်(၂) ဖြစ်တဲ့ Tier 2 ကတော့ အနိမ့်ဆုံးစံသတ်မှတ်ချက်မမှီလို့ စောင့်ကြည့်ခံရတဲ့ နိုင်ငံတွေဖြစ်ပြီး Tier 3 ကတော့ စံသတ်မှတ်ချက်အောက်ရောက်တဲ့အပြင် လူကုန်ကူးမှုတာဆီးရေးအတွက် မယ်မယ်ရရ လုပ်ဆောင် ချက်မရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ဒီလို Tier 3 အဆင့်မှာ မြန်မာနိုင်ငံကို ထည့်သွင်းလိုက်တာဟာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ ဥပဒေနဲ့ မညီတဲ့ ကလေးစစ်သားတွေ စုဆောင်းတာတွေဆက်ရှိနေလို့လို့ TIP က အရာရှိတွေက ပြောဆိုထားပါတယ် ။

?bph6