ေမာင္ေတာၿမိဳ႕က ဥပေဒမဲ့ေနထိုင္သူေတြကို ရွင္းလင္းရာ လက္ပစ္ဗံုးနဲ႔ လက္နက္ေတြ သိမ္းဆည္းရမိ

0
73

ေမာင္ေတာၿမိဳ႕နယ္၊ သေဘၤာေကြ႕ေက်းရြာက မီးေလာင္ျပင္မွာ ဥပေဒမဲ့ တဲအိမ္ေတြ ေဆာက္လုပ္ၿပီး ၀င္ေရာက္ေနထိုင္သူေတြကို ဇူလုိင္လ ၉ ရက္ေန႔က သက္ဆိုင္ရာက ဖယ္ရွားရွင္းလင္းခဲ့ရာ လက္ပစ္ဗံုး နဲ႔ တုတ္၊ ဓား စတဲ့ လက္နက္ေတြကို သိမ္းဆည္းရမိခဲ့ပါတယ္။

ဒါ့အျပင္ အဲဒီလို ဥပေဒမဲ့ ေနထိုင္သူေတြရဲ႕ စည္း႐ံုးဦးေဆာင္ေနသူ ရဲ႕ ေနအိမ္ကေန စနက္တံပါ လက္ပစ္ဗံုးတလံုး၊ တုတ္၊ ဓား၊ လက္ကုိင္စကားေျပာစက္မ်ား၊ က်ည္ကာအက်ီၤ၊ က်ည္ကာဖိုက္ဘာဦးထုပ္၊ ကင္မရာ ပစၥည္း၊ ေဆး႐ံုသံုးပစၥည္းမ်ား၊ ကြန္ပ်ဴတာနဲ႔ ဆက္စပ္ပစၥည္းမ်ား၊ ဖုန္းနဲ႔ဆင္းကတ္ေတြကို သိမ္းဆည္းရမိခဲ့ပါတယ္။

ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က ဥပေဒမဲ့ ဝင္ေရာက္ေနထိုင္သူေတြကို သက္ဆိုင္ရာက တရားဝင္ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ ေနထုိင္မႈမျပဳရန္ တားျမစ္ထားခဲ့ၿပီး လိုက္နာမႈ မရွိပါက တည္ဆဲဥပေဒအရ အေရးယူေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ အသိေပး အေၾကာင္းၾကားထားၿပီး ျဖစ္ပါတယ္။

အခုလို ဥပေဒမဲ့ ၀င္ေရာက္ေနထိုင္သူေတြကို ေက်ာက္ပႏၵဳေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းကို ယာယီေရႊ႕ေျပာင္း ေနရာခ်ထားေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာက မီးလောင်ပြင်မှာ ဥပဒေမဲ့ တဲအိမ်တွေ ဆောက်လုပ်ပြီး ဝင်ရောက်နေထိုင်သူတွေကို ဇူလိုင်လ ၉ ရက်နေ့က သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းခဲ့ရာ လက်ပစ်ဗုံး နဲ့ တုတ်၊ ဓား စတဲ့ လက်နက်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် အဲဒီလို ဥပဒေမဲ့ နေထိုင်သူတွေရဲ့ စည်းရုံးဦးဆောင်နေသူ ရဲ့ နေအိမ်ကနေ စနက်တံပါ လက်ပစ်ဗုံးတလုံး၊ တုတ်၊ ဓား၊ လက်ကိုင်စကားပြောစက်များ၊ ကျည်ကာအင်္ကျီ၊ ကျည်ကာဖိုက်ဘာဦးထုပ်၊ ကင်မရာ ပစ္စည်း၊ ဆေးရုံသုံးပစ္စည်းများ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းများ၊ ဖုန်းနဲ့ဆင်းကတ်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဥပဒေမဲ့ ဝင်ရောက်နေထိုင်သူတွေကို သက်ဆိုင်ရာက တရားဝင်ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ နေထိုင်မှုမပြုရန် တားမြစ်ထားခဲ့ပြီး လိုက်နာမှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါတယ်။

အခုလို ဥပဒေမဲ့ ဝင်ရောက်နေထိုင်သူတွေကို ကျောက်ပန္ဒုကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ယာယီရွှေ့ပြောင်း နေရာချထားပေးထားပါတယ်။

?bph6