လူနာတင္ယာဥ္ အသင္း ၅၀ ပူးေပါင္းၿပီး စုေပါင္းကြန္ရက္ ဖြဲ႕စည္း (႐ုပ္/သံ)

0
58

အေရးေပၚအေျခအေနမွာ ျပည္သူေတြ အသက္အႏၱရာယ္ကင္းေစဖို႔ လူနာတင္ယာဥ္ အသင္း ၅၀ ပူးေပါင္းၿပီး စုေပါင္းကြန္ရက္ကို ဖြဲ႕စည္းခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ ျမတ္မင္းသူက ေပးပို႔ထားပါတယ္။

ၿမိတ္ခရိုင္အတြင္း ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္က အေရးေပၚလူနာတင္ယာဥ္ေတြ စုေပါငး္ၿပီး ခရိုင္အတြင္းက ယာဥ္တိုက္မႈေတြရဲ႕ အေရးေပၚအေျခအေနမွာ ျပည္သူေတြ အသက္အႏၱရာယ္ကင္းေစဖို႕နဲ႕ အခင္းျဖစ္တဲ့ေနရာကို လူနာတင္ယာဥ္ေတြ အခ်ိန္မွီေရာက္ရွိလာေစဖို႔ ၿမိတ္ခရိုင္အေရးေပၚ လူနာတင္ယာဥ္ကား အသင္း စုေပါင္းကြန္ရက္ကို ဖြဲ႕စည္းခဲ့တာပါ။

Sound Bite ဦးေအာင္ျမတ္သူ (အတြင္းေရးမွဴး) ၿမိတ္ခရိုင္ အေရးေပၚ လူနာတင္ယာဥ္ကား အသင္း စုေပါင္း ကြန္ရက္

အဲဒီကြန္ရက္ထဲမွာ ၿမိတ္ခရိုင္အတြင္းမွာရွိတဲ့ ၿမိတ္၊ ကြ်န္းစု၊ ပုေလာနဲ႕ တနသၤာရီၿမိဳ႕နယ္က ပရဟိတလုပ္ငန္း လုပ္ကိုင္ေနၾကတဲ့ အေရးေပၚ လူနာတင္ယာဥ္အသင္းေတြ ပါ၀င္မွာျဖစ္ၿပီး အခုလို ဖြဲ႕စည္းလိုက္တာဟာ ပရဟိတလုပ္ကိုင္ေနတဲ့ အဖြဲ႕အစည္းေတြၾကားထဲမွာ အားေကာင္းတဲ့ အျပန္အလွန္ခ်ိတ္ဆက္မႈကို ျဖစ္လာေစမွာျဖစ္ပါတယ္။

Sound Bite ဦးေအာင္ျမတ္သူ (အတြင္းေရးမွဴး) ၿမိတ္ခရိုင္ အေရးေပၚ လူနာတင္ယာဥ္ကား အသင္း စုေပါင္း ကြန္ရက္

ကြန္ရက္အေနနဲ႕ ခရိုင္အတြင္းမွာ ယာဥ္တိုက္မႈ နဲ႕ အျခားေဘးအႏၱရာယ္ တစ္ခုခုအတြက္ ျပည္သူေတြ အကူအညီ ေတာင္းတာနဲ႕ ကြန္ရက္ ရဲ႕ အနီးစပ္ဆံုး အေရးေပၚ လူနာတင္ယာဥ္ကို အခ်ိန္အမွီ လႊတ္ႏိုင္ေအာင္းလည္း စီစဥ္ထားမွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရေးပေါ်အခြေအနေမှာ ပြည်သူတွေ အသက်အန္တရာယယ်ကင်းစေဖို့ လူနာတင်ယာဉ် အသင်း ၅၀ ပူးပေါင်းပြီး စုပေါင်းကွန်ရက်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မြတ်မင်းသူက ပေးပို့ထားပါတယ်။

မြိတ်ခရိုင်အတွင်း မြို့နယ် ၄ မြို့နယ်က အရေးပေါ်လူနာတင်ယာဉ်တွေ စုပေါငး်ပြီး ခရိုင်အတွင်းက ယာဉ်တိုက်မှုတွေရဲ့ အရေးပေါ်အခြေအနေမှာ ပြည်သူတွေ အသက်အန္တရာယ်ကင်းစေဖို့နဲ့ အခင်းဖြစ်တဲ့နေရာကို လူနာတင်ယာဉ်တွေ အချိန်မှီရောက်ရှိလာစေဖို့ မြိတ်ခရိုင်အရေးပေါ် လူနာတင်ယာဉ်ကား အသင်း စုပေါင်းကွန်ရက်ကို ဖွဲ့စည်းခဲ့တာပါ။

Sound Bite ဦးအောင်မြတ်သူ (အတွင်းရေးမှူး) မြိတ်ခရိုင် အရေးပေါ် လူနာတင်ယာဉ်ကား အသင်း စုပေါင်း ကွန်ရက်

အဲဒီကွန်ရက်ထဲမှာ မြိတ်ခရိုင်အတွင်းမှာရှိတဲ့ မြိတ်၊ ကျွန်းစု၊ ပုလောနဲ့ တနင်္သာရီမြို့နယ်က ပရဟိတလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အရေးပေါ် လူနာတင်ယာဉ်အသင်းတွေ ပါဝင်မှာဖြစ်ပြီး အခုလို ဖွဲ့စည်းလိုက်တာဟာ ပရဟိတလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ အားကောင်းတဲ့ အပြန်အလှန်ချိတ်ဆက်မှုကို ဖြစ်လာစေမှာဖြစ်ပါတယ်။

Sound Bite ဦးအောင်မြတ်သူ (အတွင်းရေးမှူး) မြိတ်ခရိုင် အရေးပေါ် လူနာတင်ယာဉ်ကား အသင်း စုပေါင်း ကွန်ရက်

ကွန်ရက်အနေနဲ့ ခရိုင်အတွင်းမှာ ယာဉ်တိုက်မှု နဲ့ အခြားဘေးအန္တရာယ် တစ်ခုခုအတွက် ပြည်သူတွေ အကူအညီ တောင်းတာနဲ့ ကွန်ရက် ရဲ့ အနီးစပ်ဆုံး အရေးပေါ် လူနာတင်ယာဉ်ကို အချိန်အမှီ လွှတ်နိုင်အောင်းလည်း စီစဉ်ထားမှာဖြစ်ပါတယ်။

?bph6