ခြင့္ရက္ နဲ႔ အလုပ္ပိတ္ရက္ကို သိေအာင္ ရွင္းလင္းေပးဖို႔ လိုအပ္ေန (႐ုပ္/သံ)

0
61

ခြင့္ရက္နဲ႔ အလုပ္ပိတ္ရက္အေၾကာင္းကို အလုပ္သမားေတြ သိေအာင္ အလုပ္ရွင္ေတြက ရွင္းလင္းေပးဖို႔ လိုေနတယ္လို႔ ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ား အဖြဲ႔ခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

အလုပ္သမား အမ်ားစုက ဥပေဒပါ ရပိုင္ခြင့္ေတြျဖစ္တဲ႔ ခြင့္ရက္နဲ႔ အလုပ္ပိတ္ရက္အေၾကာင္း သိရွိနားလည္မႈ အားနည္းေနတာေၾကာင့္ အလုပ္ရွင္ေတြဘက္က ရွင္းလင္းေပးဖို႔ လိုအပ္ေနတာပါ ။

အဲ႔ဒီအတြက္ အလုပ္သမားေတြ ခြင့္ရက္နဲ႔ အလုပ္ပိတ္ရက္ဥပေဒဆိုင္ရာ အေၾကာင္းေတြကို သိရွိနားလည္ေအာင္ ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈ လုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ား အဖြဲ႔ခ်ဳပ္က ဇူလိုင္လ ၄ ရက္ေန႔က လႈိင္သာယာၿမိဳ႕နယ္ စက္မႈဇုန္ေတြမွာ စာရြက္ျဖန္႔ေဝ လႈပ္ရွားမႈ ျပဳလုပ္ခဲ႔ပါတယ္ ။

Soundbite ေဒၚႏြဲ႔ယဥ္ဝင္း (လက္ေထာက္အေထြေထြအတြင္းေရးမွဴး၊ ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္)

လက္ရွိျမန္မာနိုင္ငံမွာ အမ်ိဳးသမီးအလုပ္သမားေတြ အလုပ္သမားအခြင့္အေရးျဖစ္တဲ႔ မီးဖြားခြင့္ ရရွိဖို႔ ေတာင္ခက္ခဲေနေသးတဲ႔အတြက္ အလုပ္ထြက္ၿပီး မီးဖြားေနရတာေတြ အမ်ားအျပားရွိေနပါတယ္။ ဒါအျပင္ အမ်ိဳးသမီးနဲ႔ဆိုင္တဲ႔ က်န္းမာေရးကိစၥေတြမွာလည္း ခြင့္မရရွိတာေၾကာင္႔ အမ်ိဳးသမီးအလုပ္သမားေတြအတြက္ အခက္အခဲေတြ ရွိေနတာပါ။

Soundbite ေဒၚႏြဲ႔ယဥ္ဝင္း (လက္ေထာက္အေထြေထြအတြင္းေရးမွဴး၊ ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္)

ျမန္မာနိုင္ငံမွာ ျပဌန္းထားတဲ႔ ခြင့္ရက္ႏွင့္ အလုပ္ပိတ္ရက္နည္းဥပေဒမွာ အလုပ္သင္ဝန္ထမ္းနဲ႔ အစမ္းခန္႔ဝန္ထမ္းေတြ ေရွာင္တခင္ခြင့္၊ ေဆးလက္မွတ္ခြင့္နဲ႔ မီးဖြားခြင့္ ရွိတယ္လို႔ ေဖၚျပထားေပမယ္႔ အလုပ္ရွင္ေတြဘက္က မီးဖြားခြင့္နဲ႔ ေဆးလက္မွတ္ခြင့္ ခံစားတာကို အေၾကာင္းျပျပီး ခြင့္မေပးတာေတြ ရွိေနပါတယ္ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်အကြောင်းကို အလုပ်သမားတွေ သိအောင် အလုပ်ရှင်တွေက ရှင်းလင်းပေးဖို့ လိုနေတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

အလုပ်သမား အများစုက ဥပဒေပါ ရပိုင်ခွင့်တွေဖြစ်တဲ့ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်အကြောင်း သိရှိနားလည်မှု အားနည်းနေတာကြောင့် အလုပ်ရှင်တွေဘက်က ရှင်းလင်းပေးဖို့ လိုအပ်နေတာပါ ။

အဲ့ဒီအတွက် အလုပ်သမားတွေ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်ဥပဒေဆိုင်ရာ အကြောင်းတွေကို သိရှိနားလည်အောင် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဇူလိုင်လ ၄ ရက်နေ့က လှိုင်သာယာမြို့နယ် စက်မှုဇုန်တွေမှာ စာရွက်ဖြန့်ဝေ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ် ။

Soundbite ဒေါ်နွဲ့ယဉ်ဝင်း (လက်ထောက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်)

လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးအလုပ်သမားတွေ အလုပ်သမားအခွင့်အရေးဖြစ်တဲ့ မီးဖွားခွင့် ရရှိဖို့ တောင်ခက်ခဲနေသေးတဲ့အတွက် အလုပ်ထွက်ပြီး မီးဖွားနေရတာတွေ အများအပြားရှိနေပါတယ်။ ဒါအပြင် အမျိုးသမီးနဲ့ဆိုင်တဲ့ ကျန်းမာရေးကိစ္စတွေမှာလည်း ခွင့်မရရှိတာကြောင့် အမျိုးသမီးအလုပ်သမားတွေအတွက် အခက်အခဲတွေ ရှိနေတာပါ။

Soundbite ဒေါ်နွဲ့ယဉ်ဝင်း (လက်ထောက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်)

မြန်မာနိုင်ငံမှာ ပြဌန်းထားတဲ့ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်နည်းဥပဒေမှာ အလုပ်သင်ဝန်ထမ်းနဲ့ အစမ်းခန့်ဝန်ထမ်းတွေ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်နဲ့ မီးဖွားခွင့် ရှိတယ်လို့ ဖေါ်ပြထားပေမယ့် အလုပ်ရှင်တွေဘက်က မီးဖွားခွင့်နဲ့ ဆေးလက်မှတ်ခွင့် ခံစားတာကို အကြောင်းပြပြီး ခွင့်မပေးတာတွေ ရှိနေပါတယ်ခင်ဗျာ ။

?bph6