ေက်းလက္ အမ်ိဳးသမီးေတြကို ဥပေဒပိုင္းဆိုင္ရာေတြ အသိေပးမႈ လုပ္ေဆာင္မယ္ (႐ုပ္/သံ)

0
243

ျမန္မာအမ်ဳိးသမီးေတြကုိ အကာအကြယ္ျပဳႏုိင္တဲ့ ဥပေဒေတြကုိ ေက်းလက္ေဒသေတြအထိ အသိပညာ ေပးလုပ္ငန္းေတြကုိ လုပ္ေဆာင္သြားဖို႕ ရွိေနပါတယ္။ ဒီသတင္းကုိေတာ့ MCN သတင္းေထာက္ မင္းျပည့္ႏုိင္ က ေပးပုိ႔ထားပါတယ္။

ေက်းလက္ေဒသေတြမွာရွိတဲ့ အမ်ဳိးသမီးေတြအေနနဲ႔ မိမိတုိ႔ကုိအကာအကြယ္ေပးေနတဲ့ ဥပေဒေတြနဲ႔ ပတ္သက္ ၿပီး သိရွိမႈအပုိင္းမွာ အားနည္းခ်က္ေတြရွိေနတာပါ ။ အဲ႔ဒီအတြက္ ေက်းလက္ကအမ်ိဳးသမီးေတြကို ဥပေဒပိုင္းဆိုင္ရာေတြ အသိပညာေပးမႈေတြကို အာရွေဖာင္ေဒးရွင္း နဲ႔ ဒါန-ေရွ႕ေဆာင္ျမန္မာအဖြဲ႔အ စည္း တုိ႔ပူးေပါင္းလုပ္ေဆာင္သြားမွာျဖစ္ပါတယ္ ။

ေဒၚမီကီေက်ာ္ျမင့္ (အႀကီးတန္းအစီအစဥ္ႏွင့္အစုိးရဆက္ဆံေရးဆုိင္ရာ ညႊန္ၾကားေရး အရာရွိ)
အာရွေဖာင္ေဒးရွင္း (The Asia Foundation)

ဒါအျပင္ လက္ရွိျမန္မာနိုင္ငံမွာ အမ်ိဳးသမီးေတြၾကံဳေတြေနရတဲ႔ သက္ငယ္မုဒိမ္နဲ႔ပတ္သက္လို႔ အထူးဥပေဒတစ္ရပ္ျပဌာန္းေပးဖို႔ ကိုလည္းအရပ္ဖက္အဖြဲ႕အစည္းေတြကလုပ္ေဆာင္ေနတာပါ ။ သက္ငယ္မုဒိန္းမႈကို ႀကီးေလးတဲ့ ျပစ္ဒဏ္ခ်မွတ္နိုင္ဖို႔က လက္ရွိမွာ ခက္ခဲေနေသးတဲ႔အတြက္ အထူးဥပေဒတစ္ရပ္လို အပ္ေနတယ္လို႔ တရားလႊတ္ေတာ္ ေရွ႕ေန ဦး၀င္းထိန္ က ေျပာပါတယ္။

ဦး၀င္းထိန္ (တရားလႊတ္ေတာ္ေရွ႕ေန)

ေက်းလက္က အမ်ိဳးသမီးေတြ ဥပေဒပိုင္းဆိုင္ရာေတြ သိရွိနားလည္ေစဖို႔ ဇူလုိင္ ၁၁ ရက္ က ရန္ကုန္ၿမဳိ႕မွာ အာရွေဖာင္ေဒးရွင္း နဲ႔ ဒါန-ေရွ႕ေဆာင္ျမန္မာအဖြဲ႔အ စည္း တုိ႔ပူးေပါင္းကာ ျမန္မာအမ်ဳိးသမီးေတြအေပၚ သက္ေရာက္ေနတဲ့ အဓိက ဥပေဒမ်ားလက္စြဲ စာအုပ္ ထုတ္ေ၀ခဲ႔တာျဖစ္ျပီး အဲ႔ဒီစာအုပ္ကို ေက်းလတ္ေဒသက အမ်ိဳးသမီးေတြဆီကို ျဖန္႔ေ၀ေပးသြားမွာ ျဖစ္ပါတယ္ ခင္ဗ်ာ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအမျိုးသမီးတွေကို အကာအကွယ်ပြုနိုင်တဲ့ ဥပဒေတွေကို ကျေးလက်ဒေသတွေအထိ အသိပညာ ပေးလုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင် က ပေးပို့ထားပါတယ်။

ကျေးလက်ဒေသတွေမှာရှိတဲ့ အမျိုးသမီးတွေအနေနဲ့ မိမိတို့ကိုအကာအကွယ်ပေးနေတဲ့ ဥပဒေတွေနဲ့ ပတ်သက် ပြီး သိရှိမှုအပိုင်းမှာ အားနည်းချက်တွေရှိနေတာပါ ။ အဲ့ဒီအတွက် ကျေးလက်ကအမျိုးသမီးတွေကို ဥပဒေပိုင်းဆိုင်ရာတွေ အသိပညာပေးမှုတွေကို အာရှဖောင်ဒေးရှင်း နဲ့ ဒါန-ရှေ့ဆောင်မြန်မာအဖွဲ့အ စည်း တို့ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ် ။

ဒေါ်မီကီကျော်မြင့် (အကြီးတန်းအစီအစဉ်နှင့်အစိုးရဆက်ဆံရေးဆိုင်ရာ ညွှန်ကြားရေး အရာရှိ)
အာရှဖောင်ဒေးရှင်း (The Asia Foundation)

ဒါအပြင် လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးတွေကြုံတွေနေရတဲ့ သက်ငယ်မုဒိမ်နဲ့ပတ်သက်လို့ အထူးဥပဒေတစ်ရပ်ပြဌာန်းပေးဖို့ ကိုလည်းအရပ်ဖက်အဖွဲ့အစည်းတွေကလုပ်ဆောင်နေတာပါ ။ သက်ငယ်မုဒိန်းမှုကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့က လက်ရှိမှာ ခက်ခဲနေသေးတဲ့အတွက် အထူးဥပဒေတစ်ရပ်လို အပ်နေတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးဝင်းထိန် က ပြောပါတယ်။

ဦးဝင်းထိန် (တရားလွှတ်တော်ရှေ့နေ)

ကျေးလက်က အမျိုးသမီးတွေ ဥပဒေပိုင်းဆိုင်ရာတွေ သိရှိနားလည်စေဖို့ ဇူလိုင် ၁၁ ရက် က ရန်ကုန်မြို့မှာ အာရှဖောင်ဒေးရှင်း နဲ့ ဒါန-ရှေ့ဆောင်မြန်မာအဖွဲ့အ စည်း တို့ပူးပေါင်းကာ မြန်မာအမျိုးသမီးတွေအပေါ် သက်ရောက်နေတဲ့ အဓိက ဥပဒေများလက်စွဲ စာအုပ် ထုတ်ဝေခဲ့တာဖြစ်ပြီး အဲ့ဒီစာအုပ်ကို ကျေးလတ်ဒေသက အမျိုးသမီးတွေဆီကို ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ ။

?bph6