
0
74




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သေနတ် တစ်ချက် ဖောက်လိုက်ရင် သဘောတူထားတာတွေ ပျက်ပြယ်

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးနဲ့ ပတ်သက်လို့ သေနတ်တစ်ချက် ဖောက်လိုက်ရင် သဘောတူထားတာတွေ ပျက်ပြယ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ (၂၁) ရာစု ပင်လုံ တတိယ အစည်းအဝေးမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာ ဖြစ်ပါတယ်။ ပြည်တွင်း ပဋိပက္ခတွေရဲ့ ဇစ်မြစ်ဟာ နိုင်ငံရေး ပြဿနာ ဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အောက်ခြေက ကိုယ့်လူကိုယ် ထိန်းကြဖို့နဲ့ အဓိပ္ပာယ်မဲ့ အကြောင်းပြချက်တွေ မပေးဖို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောသွားပါတယ်။

?bph6