
0
60




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၁ ရာစု ပင်လုံညီလာခံကို တရုတ် အထူးကိုယ်စားလှယ် တက်ရောက်

နေပြည်တော်မှာ ဒီနေ့ ဇူလိုင် ၁၁ ရက်မှာ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံ တတိယ အစည်းအဝေးကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန် ဂေါင်ကျီယန် တက်ရောက်ပါတယ်။

မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ တက်ရောက်တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြောင်း ချိုင်းနား သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းဖြစ်စဉ်အတွက် အားထုတ်မှု၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ဆောင်မှုတွေကို ထောက်ခံကြောင်း၊ အောင်မြင်မယ်လို့လည်း မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူ ဟွာ ချွန်ယင်က ပြောပါတယ်။

?bph6