ျမန္မာ တရားမဝင္ ေရႊ႕ေျပာင္းလုပ္သား ၈ ဦး ဖမ္းမိ

0
229

ထိုင္းႏိုင္ငံ၊ ကန္ခ်နဘူရီ၊ ဆိုင္ေယာ့ခ္ရွိ စစ္ေဆးေရးဂိတ္မွာ ျမန္မာ တရားမဝင္ ေရႊ႕ေျပာင္းအလုပ္သမား ၈ ဦးကို ေရႊ႕ေျပာင္းလုပ္သား ဥပေဒအရ ဖမ္းဆီးလိုက္တယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပထားပါတယ္။

သူတို႔ဟာ ဆန္ခလဘူရီနဲ႔ ေမာင္ ဒိစႀတိတ္အၾကား ဘတ္စ္ကားနဲ႔ ခရီးသြားစဥ္ ရပ္တန္႔ရွာေဖြရာမွာ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။ ျမန္မာ အလုပ္သမားေတြမွာ ခရီးသြားလာခြင့္ အေထာက္အထား တစ္ေယာက္မွ မရွိခဲ့ပါဘူး။ စစ္ေဆးမႈအရ သူတို႔ဟာ လအေတာ္ၾကာ ကတည္းက ထိုင္းကို ေရာက္ေနၿပီး အလုပ္ လုပ္ကိုင္ခြင့္ လက္မွတ္မရွိဘဲ အလုပ္ရွင္က အလုပ္ လုပ္ခြင့္ေပးထားတာလို႔ ေျပာၾကပါတယ္။

ထိုင္းႏိုင္ငံမွာ ရွိတဲ့ ေရႊ႕ေျပာင္း အလုပ္သမားေတြ အလုပ္သမား လက္မွတ္နဲ႔ မွတ္ပံုတင္ လုပ္ခြင့္ဟာ ဇြန္လ ၃၀ ရက္ကတည္းက ကုန္ဆံုးခဲ့ၿပီ ျဖစ္ပါတယ္။ ဖမ္းမိတဲ့ ျမန္မာ အလုပ္သမားေတြကို ျပည္ႏွင္ဒဏ္ေပးဖို႔ ခ႐ိုင္ လူဝင္မႈ ႀကီးၾကပ္ေရးကို လႊဲေျပာင္းေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၈ ဦး ဖမ်းမိ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ ဆိုင်ယော့ခ်ရှိ စစ်ဆေးရေးဂိတ်မှာ မြန်မာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၈ ဦးကို ရွှေ့ပြောင်းလုပ်သား ဥပဒေအရ ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

သူတို့ဟာ ဆန်ခလဘူရီနဲ့ မောင် ဒိစတြိတ်အကြား ဘတ်စ်ကားနဲ့ ခရီးသွားစဉ် ရပ်တန့်ရှာဖွေရာမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အလုပ်သမားတွေမှာ ခရီးသွားလာခွင့် အထောက်အထား တစ်ယောက်မှ မရှိခဲ့ပါဘူး။ စစ်ဆေးမှုအရ သူတို့ဟာ လအတော်ကြာ ကတည်းက ထိုင်းကို ရောက်နေပြီး အလုပ် လုပ်ကိုင်ခွင့် လက်မှတ်မရှိဘဲ အလုပ်ရှင်က အလုပ် လုပ်ခွင့်ပေးထားတာလို့ ပြောကြပါတယ်။

ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်သမား လက်မှတ်နဲ့ မှတ်ပုံတင် လုပ်ခွင့်ဟာ ဇွန်လ ၃၀ ရက်ကတည်းက ကုန်ဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဖမ်းမိတဲ့ မြန်မာ အလုပ်သမားတွေကို ပြည်နှင်ဒဏ်ပေးဖို့ ခရိုင် လူဝင်မှု ကြီးကြပ်ရေးကို လွှဲပြောင်းပေးထားပါတယ်။

?bph6