
0
268




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နီပေါ လေကြောင်းလိုင်းက မြန်မာကို တိုးချဲ့ ပျံသန်းမယ်

နီပေါ လေကြောင်းလိုင်းက မြန်မာ၊ တရုတ်နဲ့ သီရိလင်္ကာနိုင်ငံတို့ကို တိုးချဲ့ ပျံသန်းပြေးဆွဲမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၉ ခုနှစ် အကုန်မှာ လက်ရှိ ဝန်ဆောင်မှု ၈ ခုအပြင် A330-200 လေယာဉ်နဲ့ နေရာသစ် ၁၁ ခုကို တိုးချဲ့ ပျံသန်း ဝန်ဆောင်မှုပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ တိုးချဲ့ ပျံသန်းပြေးဆွဲမယ့် အထဲမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျ တို့ ပါဝင်ပါတယ်။

၁၉၅၈ ခုနှစ်မှာ ရွိုင်ယယ် နီပေါ လေကြောင်းလိုင်းကို တည်ထောင်ပြီး နောက်ပိုင်းမှာ နီပေါ လေကြောင်းလိုင်း ကော်ပိုရေးရှင်းလို့ အမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

?bph6