
0
261




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိတ် အဝေးပြေးကားဝင်း က CB Bank ATM စက် ဖောက်ထွင်းခံရ

မြိတ် အဝေးပြေးကားဝင်းသစ်က CB Bank ATM စက် တစ်လုံး ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းက ဖောက်ထွင်းခံလိုက်ရပါတယ်။

အဲဒီ CB Bank ATM စက်ကို အဝေးပြေးကားဝင်းသစ် ဧရီယာ အတွင်းက YOU & ME FOOD COURT စားသောက်ဆိုင် အောက်ထပ်တွင် ထားရှိတာဖြစ်ပြီး အခုလို ဖောက်ထွင်းခံခဲ့ရတာကို CCTV မှတ်တမ်းတွေ ကနေတဆင့် သိရတာပဲဖြစ်ပါတယ်။

ဖောက်ထွင်းသူမှာ ATM စက်ရဲ့ အပြင်ဘက်တံခါးကိုဖွင့်ပြီး ငွေထည့်ထားတဲ့ အံဆွဲကို ဖွင့်ဖို့ ကြိုးစားပေမယ့် မအောင်ခဲ့ပါဘူး။ အဆိုပါ ဖောက်ထွင်းမှု ဖြစ်ပြီးနောက် ဘဏ်ဝန်ထမ်းများနဲ့ တာဝန်ရှိ သူတွေက ATM စက်ကိုသွားရောက် စစ်ဆေးရာ ငွေကြေး ပျောက်ဆုံးမှု မရှိကြောင်း CB Bank တာဝန်ခံမှ အတည်ပြု ပြောကြား လိုက်သည်။

?bph6