အင္ဒိုနီးရွားႏိုင္ငံမွာ က်င္းပမယ့္ ဂိမ္းၿပိဳင္ပြဲအတြက္ ျမန္မာ Mobile Legends အသင္းကို ေရြးခ်ယ္ (႐ုပ္/သံ)

0
253

အင္ဒိုနီးရွားႏိုင္ငံမွာ က်င္းပမယ့္ Mobile Legends Southeast Asia Cup 2018 ၿပိဳင္ပြဲအတြက္ ျမန္မာလက္ေရြးစင္ Mobile Legends အသင္းကို ေရြးခ်ယ္ခဲ့ပါတယ္။ ဒီသတင္းကို ေတာ့ MCN သတင္းေထာက္ ေမာင္ထက္ ကေပးပို႔ ထားပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာ က်င္းပမယ့္ Mobile Legends Southeast Asia Cup ဂိမ္းၿပိဳင္ပြဲအတြက္ ျမန္မာလက္ေရြးစင္အသင္းကို အြန္လိုင္းအဆင့္ၿပိဳင္ပြဲက အႏိုင္ရရွိခဲ့တဲ့ ထိပ္ဆုံးဆန္ကာတင္ ၈ သင္းထဲက Team Ghouls အသင္းကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
ဇူလိုင္လ ၇ ရက္နဲ႔ ၈ ရက္ေန႔ေတြက ရန္ကုန္ၿမိဳ႕ Juntion Square ေစ်း၀ယ္စင္တာမွာ ျမန္မာ့လက္ေရြးစင္ Mobile Legends အသင္း ေရြးခ်ယ္ခဲ့တဲ့ အခမ္းအနား က်င္းပခဲ့တာပါ။

Sond Bite ……ဦးထြန္းေအးေမာင္ (လက္ေထာက္မန္ေနဂ်ာ)
MPT Myanmar

Mobile Legends Southeast Asia Cup 2018 ၿပိဳင္ပြဲကို အေရွ႕ေတာင္အာရွ (၇)ႏိုင္ငံက အသင္း(၁၀)သင္း ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး ျမန္မာႏိုင္ငံအေနနဲ႔ အေကာင္းဆံုးျမန္မာလက္ေရႊးစင္အသင္း တစ္သင္းသာ ၀င္ေရာက္ယွဥ္ၿပိဳင္သြားမွာလည္း ျဖစ္ပါတယ္။

Sond Bite ……ၿဖိဳးျမင့္ေသာင္း
Game Cast Network Myanmar

ျမန္မာလက္ေရြးစင္ Mobile Legends အသင္း ေရြးခ်ယ္ႏိုင္ဖို႔ ဇြန္လ ၂၅ ရက္ေန႔ကေန ဇူလိုင္လ ၁ ရက္ေန႔အထိ အြန္လိုင္းကေန ဂိမ္းၿပိဳင္ပြဲေတြကို က်င္းပခဲ့တာျဖစ္ပါတယ္။ အဲဒီအြန္လိုင္းၿပိဳင္ပြဲက ေနာက္ဆုံး အႏိုင္ရရွိခဲ့တဲ့ ၈ သင္းထဲက အေကာင္းဆုံးအသင္းကို ေရြးခ်ယ္ခဲ့တာျဖစ္ၿပီး အင္ဒိုနီးရွားႏိုင္ငံမွာက်င္းပမယ့္ Mobile Legends Southeast Asia Cup 2018 ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် Mobile Legends Southeast Asia Cup 2018 ပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင် Mobile Legends အသင်းကို ရွေးချယ်ခဲ့ပါတယ်။ ဒီသတင်းကို တော့ MCN သတင်းထောက် မောင်ထက် ကပေးပို့ ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် Mobile Legends Southeast Asia Cup ဂိမ်းပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင်အသင်းကို အွန်လိုင်းအဆင့်ပြိုင်ပွဲက အနိုင်ရရှိခဲ့တဲ့ ထိပ်ဆုံးဆန်ကာတင် ၈ သင်းထဲက Team Ghouls အသင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဇူလိုင်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေက ရန်ကုန်မြို့ Juntion Square ဈေးဝယ်စင်တာမှာ မြန်မာ့လက်ရွေးစင် Mobile Legends အသင်း ရွေးချယ်ခဲ့တဲ့ အခမ်းအနား ကျင်းပခဲ့တာပါ။

Sond Bite ……ဦးထွန်းအေးမောင် (လက်ထောက်မန်နေဂျာ)
MPT Myanmar

Mobile Legends Southeast Asia Cup 2018 ပြိုင်ပွဲကို အရှေ့တောင်အာရှ (၇)နိုင်ငံက အသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ အကောင်းဆုံးမြန်မာလက်ရွှေးစင်အသင်း တစ်သင်းသာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

Sond Bite ……ဖြိုးမြင့်သောင်း
Game Cast Network Myanmar

မြန်မာလက်ရွေးစင် Mobile Legends အသင်း ရွေးချယ်နိုင်ဖို့ ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ အွန်လိုင်းကနေ ဂိမ်းပြိုင်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီအွန်လိုင်းပြိုင်ပွဲက နောက်ဆုံး အနိုင်ရရှိခဲ့တဲ့ ၈ သင်းထဲက အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် Mobile Legends Southeast Asia Cup 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။

?bph6