ကိုရဲလြင္ (မဇၥ်ိမလိႈင္း) ကြယ္လြန္

0
378

မဇၥ်ိမလိႈင္း၊ ပန္းရဲ႕လမ္းတို႔ရဲ႕ ဂီတမွဴးကိုရဲလြင္ဟာ ဒီေန႔ ဇူလိုင္ ၁၀ ရက္၊ ညေန ၄ နာရီ ၁၀ မိနစ္ အခ်ိန္ အသက္ ၇၁ ႏွစ္ အရြယ္မွာ ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္ကတည္းက ဂီတေလာကထဲကို ဝင္ခဲ့တဲ့ ကိုရဲလြင္ဟာ စက္မႈတကၠသိုလ္ (RIT) မွာ ပညာသင္ၾကားစဥ္ ကတည္းက ခင္ေမာင္တိုး၊ ကိုေမာင္ေမာင္ (မဇၥ်ိမလိႈင္း)၊ တင္ေမာင္လိႈင္တို႔နဲ႔ အတန္း မတိမ္းမယိမ္း ျဖစ္ခဲ့ၿပီး အေဆာင္ညေတြမွာ သီခ်င္းေတြ ေရးဆိုတီးခဲ့ၾကပါတယ္။

ကိုရဲလြင္ဟာ ျပႆနာအုပ္စု၊ လိဝစၦီမ်ား၊ မဇၥ်ိမလိႈင္း၊ ပန္းရဲ႕လမ္း ဂီတအဖြဲ႔ေတြမွာ ေတာက္ေလွ်ာက္ ပါဝင္ခဲ့ပါတယ္။ ပန္းခရမ္းျပာ၊ နဒီမဂၤလာ၊ ဒြိဟစိတ္နဲ႔ သုညမွာ စတဲ့ နာမည္ေက်ာ္ သီခ်င္းေတြကို ေရးဖြဲ႔ခဲ့ၿပီး အထူးသျဖင့္ ေဘ့စ္ဂစ္တာကို တီးခတ္ခဲ့သူ ျဖစ္ပါတယ္။

ျပည္တြင္းမွာ ျဖစ္ေနတဲ့ တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ေနရသူေတြ၊ သဘာဝ ေဘးအႏၱရာယ္ ႀကံဳေနရသူေတြ၊ ပရဟိတ လုပ္ငန္းေတြကို ဂီတနဲ႔ လုပ္ကိုင္ ကူညီေထာက္ပံ့ေနသူ ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕၊ မင္းရဲေက်ာ္စြာလမ္းရွိ ေဆး႐ံုမွာ ဇြန္လ ၅ ရက္ေန႔ကစၿပီး ေဆးကုသမႈ ခံယူေနရာကေန ကြယ္လြန္သြားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုရဲလွင် (မဇ္ဈိမလှိုင်း) ကွယ်လွန်

မဇ္ဈိမလှိုင်း၊ ပန်းရဲ့လမ်းတို့ရဲ့ ဂီတမှူးကိုရဲလွင်ဟာ ဒီနေ့ ဇူလိုင် ၁၀ ရက်၊ ညနေ ၄ နာရီ ၁၀ မိနစ် အချိန် အသက် ၇၁ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်ကတည်းက ဂီတလောကထဲကို ဝင်ခဲ့တဲ့ ကိုရဲလွင်ဟာ စက်မှုတက္ကသိုလ် (RIT) မှာ ပညာသင်ကြားစဉ် ကတည်းက ခင်မောင်တိုး၊ ကိုမောင်မောင် (မဇ္ဈိမလှိုင်း)၊ တင်မောင်လှိုင်တို့နဲ့ အတန်း မတိမ်းမယိမ်း ဖြစ်ခဲ့ပြီး အဆောင်ညတွေမှာ သီချင်းတွေ ရေးဆိုတီးခဲ့ကြပါတယ်။

ကိုရဲလွင်ဟာ ပြဿနာအုပ်စု၊ လိဝစ္ဆီများ၊ မဇ္ဈိမလှိုင်း၊ ပန်းရဲ့လမ်း ဂီတအဖွဲ့တွေမှာ တောက်လျှောက် ပါဝင်ခဲ့ပါတယ်။ ပန်းခရမ်းပြာ၊ နဒီမင်္ဂလာ၊ ဒွိဟစိတ်နဲ့ သုညမှာ စတဲ့ နာမည်ကျော် သီချင်းတွေကို ရေးဖွဲ့ခဲ့ပြီး အထူးသဖြင့် ဘေ့စ်ဂစ်တာကို တီးခတ်ခဲ့သူ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသူတွေ၊ သဘာဝ ဘေးအန္တရာယ် ကြုံနေရသူတွေ၊ ပရဟိတ လုပ်ငန်းတွေကို ဂီတနဲ့ လုပ်ကိုင် ကူညီထောက်ပံ့နေသူ ဖြစ်ပါတယ်။ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ဆေးရုံမှာ ဇွန်လ ၅ ရက်နေ့ကစပြီး ဆေးကုသမှု ခံယူနေရာကနေ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

?bph6