သတင္းေထာက္ အမည္ခံၿပီး ေငြညႇစ္သူ ၄ ဦးကို ဖမ္းဆီး

0
292

စစ္ကိုင္းတိုင္း၊ ေဖာင္းျပင္ၿမိဳ႕နယ္၊ သရက္ကုန္း ေက်း႐ြာမွာ ေနျပည္ေတာ္က တာဝန္ေပးထားတဲ့ မီဒီယာေပါင္းစံု အဖြဲ႔ျဖစ္တယ္ဆိုၿပီး ၿခိမ္းေျခာက္ ေငြညႇစ္သူ ၄ ဦးကို ဖမ္းဆီးလိုက္ပါတယ္။

ဇူလိုင္ ၉ ရက္ေန႔မွာ သတင္းေထာက္ အမည္ခံထားသူ ၄ ဦးက စာသင္ေက်ာင္းနဲ႔ ဝန္ထမ္းအိမ္ရာ ေဆာက္ဖို႔ သစ္ ၁ တန္ေတြ႔ထားလို႔ ဓာတ္ပံု႐ိုက္ထားေၾကာင္း၊ သစ္စက္လုပ္ကိုင္သူ ၁၀ ဦးရဲ႕ မွတ္ပံုတင္ေတြကို ဓာတ္ပံု႐ိုက္ၿပီး တစ္ဦးကို ၁ သိန္းခြဲႏႈန္းနဲ႔ ၁၅ သိန္း ေတာင္းခံခဲ့တဲ့အတြက္ စာသင္ေက်ာင္းအတြက္ စုထားတဲ့ ေငြက်ပ္ ၁၀ သိန္းကို ေပးခဲ့ရပါတယ္။

အဲဒီေငြေတာင္းခံမႈနဲ႔ ပတ္သက္ၿပီး ေနျပည္ေတာ္တိုင္း (မ္) မႈခင္းသတင္းေထာက္ (ေမာ္လိုက္ခ႐ိုင္ တာဝန္ခံ) ေတြျဖစ္တဲ့ ေမာင္ဆန္း (၃၆ ႏွစ္)၊ ေအာင္ၿဖိဳးေဝ (၂၁ ႏွစ္)၊ ေမာင္စိုး (၅၄ ႏွစ္) နဲ႔ ကီးေအာင္မင္း (၄၆ ႏွစ္) ႏွစ္တို႔ကို ေဖာင္းျပင္ၿမိဳ႕မရဲစခန္းက ဖမ္းဆီး အေရးယူခဲ့ပါတယ္။ သူတို႔ ၄ ဦးဟာ ဟဲေလွာ္ေက်းရြာေန ေဒၚျမင့္အုန္း ေစ်းဆိုင္မွာ အရက္ေရာင္းတယ္ဆိုၿပီး ၿခိမ္းေျခာက္ကာ ေငြ ၂ ေသာင္း ေတာင္းယူခဲ့ေၾကာင္း ေပၚေပါက္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတင်းထောက် အမည်ခံပြီး ငွေညှစ်သူ ၄ ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ သရက်ကုန်း ကျေးရွာမှာ နေပြည်တော်က တာဝန်ပေးထားတဲ့ မီဒီယာပေါင်းစုံ အဖွဲ့ဖြစ်တယ်ဆိုပြီး ခြိမ်းခြောက် ငွေညှစ်သူ ၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဇူလိုင် ၉ ရက်နေ့မှာ သတင်းထောက် အမည်ခံထားသူ ၄ ဦးက စာသင်ကျောင်းနဲ့ ဝန်ထမ်းအိမ်ရာ ဆောက်ဖို့ သစ် ၁ တန်တွေ့ထားလို့ ဓာတ်ပုံရိုက်ထားကြောင်း၊ သစ်စက်လုပ်ကိုင်သူ ၁၀ ဦးရဲ့ မှတ်ပုံတင်တွေကို ဓာတ်ပုံရိုက်ပြီး တစ်ဦးကို ၁ သိန်းခွဲနှုန်းနဲ့ ၁၅ သိန်း တောင်းခံခဲ့တဲ့အတွက် စာသင်ကျောင်းအတွက် စုထားတဲ့ ငွေကျပ် ၁၀ သိန်းကို ပေးခဲ့ရပါတယ်။

အဲဒီငွေတောင်းခံမှုနဲ့ ပတ်သက်ပြီး နေပြည်တော်တိုင်း (မ်) မှုခင်းသတင်းထောက် (မော်လိုက်ခရိုင် တာဝန်ခံ) တွေဖြစ်တဲ့ မောင်ဆန်း (၃၆ နှစ်)၊ အောင်ဖြိုးဝေ (၂၁ နှစ်)၊ မောင်စိုး (၅၄ နှစ်) နဲ့ ကီးအောင်မင်း (၄၆ နှစ်) နှစ်တို့ကို ဖောင်းပြင်မြို့မရဲစခန်းက ဖမ်းဆီး အရေးယူခဲ့ပါတယ်။ သူတို့ ၄ ဦးဟာ ဟဲလှော်ကျေးရွာနေ ဒေါ်မြင့်အုန်း ဈေးဆိုင်မှာ အရက်ရောင်းတယ်ဆိုပြီး ခြိမ်းခြောက်ကာ ငွေ ၂ သောင်း တောင်းယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

?bph6