
0
78



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်အသံလွှင့်ဌာနနဲ့ ပူးပေါင်းပြီး ကာတွန်း အစီအစဉ် လွှင့်မယ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နဲ့ ကွမ်ရှီးပြည်သူ့ အသံလွှင့်ဌာန (GXBS) တို့ ပူးပေါင်ပြီး တရုတ် ကာတွန်း အစီအစဉ် တစ်ခုကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

တရုတ် ကာတွန်းကား အစီအစဉ်ကတော့ ”တောပျော်မျောက်ကလေး ကျွမ့်ကျွမ့်” ဇာတ်လမ်းဖြစ်ပြီး လာမယ့် သြဂုတ်လက စတင်က တနင်္ဂနွေနေ့တိုင်း မနက် ၉ နာရီခွဲအချိန် MRTV မှာ ပြသမှာ ဖြစ်ပါတယ်။ MRTV နဲ့ GXBS တို့ ပူးပေါင်းထုတ်လွှင့်မယ့် ကာတွန်းအစီအစဉ် စတင်ဆောင်ရွက်တဲ့ အခမ်းအနားကို မနေ့က ဇူလိုင် ၉ ရက်နေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

?bph6