ေဂ်ာ္ဒန္ရွိ ေရႊ႕ေျပာင္း အလုပ္သမားေတြကို အကာအကြယ္ေပးဖို႔ လႈပ္ရွာမႈ စတင္

0
291

ေဂ်ာ္ဒန္ႏိုင္ငံရွိ ျမန္မာ၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာ၊ နီေပါနဲ႔ အင္ဒိုနီးရွားက ေရႊ႕ေျပာင္း အလုပ္သမားေတြရဲ႕ အခြင့္အေရးေတြကို အကာအကြယ္ေပးဖို႔ ရည္ရြယ္တဲ့ စီမံကိန္းတစ္ခုကို အာရပ္ ေရႊ႕ေျပာင္းလုပ္သား အရင္းအျမစ္ စင္တာ (MRC) က စတင္လိုက္ပါတယ္။

ေဂ်ာ္ဒန္ ႏိုင္ငံမွာ ေရႊ႕ေျပာင္း အလုပ္သား ၂ သိန္း ၃ ေသာင္း ရွိပါတယ္။ ၂၀၁၅ ခုႏွစ္မွာ အာဆီယံနဲ႔ အာရပ္ ကုန္သြယ္ေရး သမဂၢ ကြန္ဖက္ဒေရးရွင္း (ATUC) တို႔ရဲ႕ နားလည္မႈ စာခြ်န္လႊာအရ အခု စီမံကိန္းကို အေကာင္အထည္ ေဖာ္တာ ျဖစ္တယ္လို႔ ဘယ္လ္ဘာဝါဘာ သတင္းဌာနက ေဖာ္ျပပါတယ္။

ဒီစီမံကိန္းဟာ ေရႊ႕ေျပာင္း အလုပ္သမားေတြ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႔ (ILO) စံမွတ္ခ်က္ေတြနဲ႔ အညီ ကိုင္တြယ္ ေျဖရွင္းဖို႔ ရည္ရြယ္ပါတယ္။ ျပႆနာေတြကေတာ့ လုပ္ငန္းခြင္ အေျခအေန၊ အလုပ္ခ်ိန္ နာရီ သတ္မွတ္ခ်က္၊ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ တရားမွ်တမႈ၊ လုပ္ခလစာ ညီမွ်ေရးနဲ႔ က်ား၊ မ တန္းတူေရးတို႔ ျဖစ္ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျော်ဒန်ရှိ ရွှေ့ပြောင်း အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ လှုပ်ရှာမှု စတင်

ဂျော်ဒန်နိုင်ငံရှိ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါနဲ့ အင်ဒိုနီးရှားက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်တဲ့ စီမံကိန်းတစ်ခုကို အာရပ် ရွှေ့ပြောင်းလုပ်သား အရင်းအမြစ် စင်တာ (MRC) က စတင်လိုက်ပါတယ်။

ဂျော်ဒန် နိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သား ၂ သိန်း ၃ သောင်း ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ အာဆီယံနဲ့ အာရပ် ကုန်သွယ်ရေး သမဂ္ဂ ကွန်ဖက်ဒရေးရှင်း (ATUC) တို့ရဲ့ နားလည်မှု စာချွန်လွှာအရ အခု စီမံကိန်းကို အကောင်အထည် ဖော်တာ ဖြစ်တယ်လို့ ဘယ်လ်ဘာဝါဘာ သတင်းဌာနက ဖော်ပြပါတယ်။

ဒီစီမံကိန်းဟာ ရွှေ့ပြောင်း အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) စံမှတ်ချက်တွေနဲ့ အညီ ကိုင်တွယ် ဖြေရှင်းဖို့ ရည်ရွယ်ပါတယ်။ ပြဿနာတွေကတော့ လုပ်ငန်းခွင် အခြေအနေ၊ အလုပ်ချိန် နာရီ သတ်မှတ်ချက်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ တရားမျှတမှု၊ လုပ်ခလစာ ညီမျှရေးနဲ့ ကျား၊ မ တန်းတူရေးတို့ ဖြစ်ကြပါတယ်။

?bph6