လူငယ်တွေအတွက် ပညာရေးလမ်းကြောင်းရွေးချယ်ဖို့ ပညာရေးပွဲတော် ပြုလုပ် (ရုပ်/သံ)

0
251



အင်တာနက်ဂျာနယ်


အင်တာနက်ဂျာနယ်


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ လူငယ်တွေအတွက် ပညာရေးလမ်းကြောင်းရွေးချယ်ဖို့ ပညာရေးပွဲတော် ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မြတ်မင်းသူကပေးပို့ ထားပါတယ်။

တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးတဲ့ လူငယ်တွေအတွက် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ကျောင်းဆက်တက်နိုင်တဲ့အခွင့်အရေးတွေနဲ့ အလုပ်ကိုင် အခွင့်လမ်းတွေကို တစ်စုတစည်းတည်းရှာဖွေနိုင်ဖို့အတွက် အင်တာနက်ဂျာနယ်ပညာရေးပွဲတော် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပြပွဲကို ဇူလိုင်လ ၆ ရက်နေ့ က ရန်ကုန်မြို့ UMFCCI မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပြခန်းပေါင်း ၂၀ ကျော် ပါဝင်ပြသခဲ့ပါတယ် ။

Soundbite ……. အောင်သူ (တာဝန်ခံအယ်ဒီတာ)
အင်တာနက်ဂျာနယ်

အဲဒီ့ပြပွဲမှာ ပြည်တွင်းက ဖွင့်ထားတဲ့ကောလိပ် ကျောင်းတွေ အပြင် နိုင်ငံတကာ တက္ကသိုလ်ကျောင်းတွေ ပါဝင်ပြသခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံက လူငယ်တွေအနေနဲ့ပညာရေးမှာ အားနည်းမှုတွေရှိနေတဲ့အတွက် နိုင်ငံတကာကို ယှဉ်နိုင်ဖို့ ပိုမိုကြိုးစားဖို့လိုအပ်တယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ် ။

Soundbite ……. အောင်သူ (တာဝန်ခံအယ်ဒီတာ)
အင်တာနက်ဂျာနယ်

မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်း တစ်နှစ်ကို ကျောင်းသားဦးရေ ၇ သိန်းနဲ့ ရှစ်သိန်းကြားဝင်ရောက်ဖြေဆိုနေကြတာ ဖြစ်ပြီး အောင်ချက်ရာကိုင်နုန်းအနေနဲ့ ၃၀ ရာကိုင်နုန်းနဲ့ ၄၀ ရာကိုင်နုန်းကြားမှာရှိနေပါတယ် ခင်ဗျာ။

?bph6