အေနာက္တိုင္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အစကတည္းက မရွိဘူးလို႔ စီးပြားေရး အႀကံေပး ေျပာ

0
108

ျမန္မာႏိုင္ငံမွာ အေနာက္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အစကတည္းကကို မလာတာ ျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရး အထူးအႀကံေပး ေဒါက္တာ ေရွာင္ တာနယ္က ေျပာပါတယ္။

ၾသစေၾတးလ် စီးပြားေရး ပညာရွင္ ေဒါက္တာ ေရွာင္ တာနယ္က အေနာက္ႏိုင္ငံေတြက ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ပတ္သက္လို႔ ေျပာရရင္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ ရပ္တန္႔ေနတာ မဟုတ္ပါဘူး၊ တကယ့္ အမွန္တရားက အစကတည္းကကို မလာခဲ့တာ ျဖစ္ပါတယ္လို႔ ေျပာေၾကာင္း ဘလြန္းဘာ့ဂ္ သတင္းဌာနရဲ႕ ေဆာင္းပါးတစ္ပုဒ္မွာ ေဖာ္ျပထားပါတယ္။

၂၀၁၆ ခုႏွစ္မွာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ အစိုးရ တက္လာၿပီးေနာက္ အေနာက္ႏိုင္ငံေတြက ရင္းႏွီးျမွဳပ္ႏွံသူေတြဟာ ေစာင့္ၾကည့္ေရးဆိုတဲ့ မူနဲ႔ ခ်ဥ္းကပ္ခဲ့တာ ျဖစ္တယ္လို႔ ေဆာင္းပါးမွာ ဆက္လက္ ေဖာ္ျပပါတယ္။ ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္မွာ ႏိုင္ငံျခား တိုက္႐ိုက္ရင္းႏွီးျမွဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ဘီလီယံ ၃၀ ရွိခဲ့ၿပီး အမ်ားဆံုးက စင္ကာပူ၊ တ႐ုတ္နဲ႔ ေဟာင္ေကာင္တို႔ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အနောက်တိုင်း ရင်းနှီးမြှုပ်နှံမှုတွေ အစကတည်းက မရှိဘူးလို့ စီးပွားရေး အကြံပေး ပြော

မြန်မာနိုင်ငံမှာ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ အစကတည်းကကို မလာတာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အထူးအကြံပေး ဒေါက်တာ ရှောင် တာနယ်က ပြောပါတယ်။

သြစတြေးလျ စီးပွားရေး ပညာရှင် ဒေါက်တာ ရှောင် တာနယ်က အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ပြောရရင် ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်နေတာ မဟုတ်ပါဘူး၊ တကယ့် အမှန်တရားက အစကတည်းကကို မလာခဲ့တာ ဖြစ်ပါတယ်လို့ ပြောကြောင်း ဘလွန်းဘာ့ဂ် သတင်းဌာနရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ တက်လာပြီးနောက် အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေဟာ စောင့်ကြည့်ရေးဆိုတဲ့ မူနဲ့ ချဉ်းကပ်ခဲ့တာ ဖြစ်တယ်လို့ ဆောင်းပါးမှာ ဆက်လက် ဖော်ပြပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ရှိခဲ့ပြီး အများဆုံးက စင်ကာပူ၊ တရုတ်နဲ့ ဟောင်ကောင်တို့ ဖြစ်ပါတယ်။

?bph6