ျမန္မာကို ICC တင္ႏိုင္ဖို႔ အခြင့္အေရး နည္းတယ္လို႔ ယန္ဟီးလီေျပာ

0
404

ဘဂၤါလီ မြတ္စလင္အေရးနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံမွာ အင္အားႀကီးတဲ့ ျပည္ပ မိတ္ေဆြေတြ ရွိတဲ့အတြက္ ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုး (ICC) တင္ႏိုင္ဖို႔ အခြင့္အေရး နည္းတယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ မစၥ ယန္ဟီးလီက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံရွိ ဘဂၤါလီ မြတ္စလင္ ဒုကၡသည္စခန္းကို ေရာက္ရွိစဥ္ မစၥ ယန္ဟီးလီက အခုလို ေျပာတာ ျဖစ္တယ္လို႔ ေဒးလီးေမးလ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္ထဲမွာ က်န္ရွိေနတဲ့ ဘဂၤါလီေတြကို ဖိႏွိပ္မႈေတြ ဆက္လက္ လုပ္ေဆာင္ေနတယ္လို႔ မစၥ ယန္ဟီးလီက ဒါကာၿမိဳ႕မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။ ဘယ္ႏိုင္ငံေတြက ျမန္မာႏိုင္ငံကို အကာအကြယ္ေပးတယ္လို႔ ေျပာမသြားေပမယ့္ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာ ျမန္မာႏိုင္ငံကို အကာအကြယ္ေပးေနတာက ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ ျဖစ္တယ္လို႔လည္း သတင္းမွာ ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာကို ICC တင်နိုင်ဖို့ အခွင့်အရေးနည်းတယ်လို့ ယန်ဟီးလီပြော

ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အင်အားကြီးတဲ့ ပြည်ပ မိတ်ဆွေတွေ ရှိတဲ့အတွက် နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) တင်နိုင်ဖို့ အခွင့်အရေး နည်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်စခန်းကို ရောက်ရှိစဉ် မစ္စ ယန်ဟီးလီက အခုလို ပြောတာ ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ကျန်ရှိနေတဲ့ ဘင်္ဂါလီတွေကို ဖိနှိပ်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ မစ္စ ယန်ဟီးလီက ဒါကာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ဘယ်နိုင်ငံတွေက မြန်မာနိုင်ငံကို အကာအကွယ်ပေးတယ်လို့ ပြောမသွားပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံကို အကာအကွယ်ပေးနေတာက ရုရှားနဲ့ တရုတ်နိုင်ငံတို့ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။