တ႐ုတ္ ယဥ္ေက်းမႈစင္တာ ဖြင့္လွစ္

0
351

တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ယဥ္ေက်းမႈ ဖလွယ္ေရး တိုးျမွင့္ဖို႔ ရည္ရြယ္ၿပီး ရန္ကုန္ၿမိဳ႕မွာ တ႐ုတ္ ယဥ္ေက်းမႈ စင္တာကို ဖြင့္လွစ္လိုက္ပါတယ္။

တ႐ုတ္ ယဥ္ေက်းမႈ စင္တာဟာ ျမန္မာ့ အႏုပညာ၊ ယဥ္ေက်းမႈနဲ႔ ခရီးသြားလုပ္ငန္း က႑ေတြမွာ ပူးေပါင္းေဆာင္ရြက္မွာ ျဖစ္တယ္လို႔ တ႐ုတ္ ယဥ္ေက်းမႈႏွင့္ ခရီးသြားလုပ္ငန္း ဒုတိယ ဝန္က်င္ႀကီး လီ က်န္ေဇာင္က ေျပာတယ္လို႔ ဆင္ဟြာသတင္းမွာ ေဖာ္ျပထားပါတယ္။ ယဥ္ေက်းမႈ စင္တာေတြကို ႏွစ္ႏိုင္ငံလံုးမွာ အျပန္အလွန္ ဖြင့္လွစ္ဖို႔ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလမွာ သေဘာတူ လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္။

တ႐ုတ္ ယဥ္ေက်းမႈ စင္တာကို ရန္ကုန္ၿမိဳ႕၊ အလံုၿမိဳ႕နယ္၊ မင္းရဲေက်ာ္စြာလမ္းမွာ ဇူလိုင္လ ၇ ရက္ေန႔က ဖြင့္လွစ္လိုက္တာ ျဖစ္ပါတယ္။ တ႐ုတ္ ယဥ္ေက်းမႈ စင္တာမွာ ဂီတ ေဖ်ာ္ေျဖပြဲ၊ ျပပြဲ၊ ေဆြးေႏြးပြဲနဲ႔ သင္တန္း ပို႔ခ်တာေတြ လုပ္ေဆာင္မွာ ျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် ယဉ်ကျေးမှုစင်တာ ဖွင့်လှစ်

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယဉ်ကျေးမှု ဖလှယ်ရေး တိုးမြှင့်ဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့မှာ တရုတ် ယဉ်ကျေးမှု စင်တာကို ဖွင့်လှစ်လိုက်ပါတယ်။

တရုတ် ယဉ်ကျေးမှု စင်တာဟာ မြန်မာ့ အနုပညာ၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဒုတိယ ဝန်ကျင်ကြီး လီ ကျန်ဇောင်က ပြောတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ယဉ်ကျေးမှု စင်တာတွေကို နှစ်နိုင်ငံလုံးမှာ အပြန်အလှန် ဖွင့်လှစ်ဖို့ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

တရုတ် ယဉ်ကျေးမှု စင်တာကို ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းမှာ ဇူလိုင်လ ၇ ရက်နေ့က ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ တရုတ် ယဉ်ကျေးမှု စင်တာမှာ ဂီတ ဖျော်ဖြေပွဲ၊ ပြပွဲ၊ ဆွေးနွေးပွဲနဲ့ သင်တန်း ပို့ချတာတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။